Loading

Hold Treats! Playing Fetch...

Providing the Best Care for Your Pets. Your Full-Service Veterinary Partner in Yangon.
Pyay Veterinary Clinic – Yangon, Myanmar – Home Page Slider – 1

Welcome to Pyay Veterinary Clinic

Compassionate Care – Your Full-Service Vet Practice in Yangon.

previous arrowprevious arrow
next arrownext arrow
Shadow

လက်ဖဝါး သေးသေးလေးတွေကစလို့ လှုပ်နေတဲ့ အမြှီးလေးတွေအထိ၊ တိရစ္ဆာန်ငယ်အားလုံးအတွက် ကျွန်တော်တို့ ရှိနေပါတယ်။

ပြည်တိရစ္ဆာန်ဆေးကုခန်မှ ကြိုဆိုပါတယ်။ ကျွန်တော်တို့ ဆေးခန်းဟာ ၁၉၈၁ ခုနှစ် ကစလို့ ရန်ကုန်မြို့မှာ အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှု၊ ကာကွယ်ဆေးထိုးနှံမှုရောဂါရှာဖွေစစ်ဆေးခြင်းတွေနဲ့ ခွဲစိတ်ကုသမှု စတဲ့ အရည်အသွေးပြည့်ဝကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ဆေးခန်းမှာ ရယူနိုင်ပါတယ်။ ကျွမ်းကျင် ဆရာဝန်နှင့် ဝန်ထမ်းများက သင်တို့ရဲ့ အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးနိုင်ဖို့ အသင့်ရှိနေပါတယ်။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

“ တိ-လေး တစ်ကောင်ချင်းစီတိုင်းအတွက် အချိန်တိုင်း မေတ္တာနဲ့ ကျွမ်းကျင်စွာ ပြုစုစောင့်ရှောက် ပေးနေနိုင်ရန်”

ရိုးသားမှု၊ ကရုဏာသက်ဝင်မှုနဲ့ ကျွမ်းကျင်မှုတွေကို အခြေခံပြီး ကောင်းမွန် ပြည့်စုံတဲ့ တိရစ္ဆာန် ဆေးကုသ စောင့်ရှောက်ရေး ဝန်ဆောင်မှုကို ပေးနေခြင်းဖြင့် အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေရော ၎င်းတို့ရဲ့ ပိုင်ရှင်၊ မိဘတွေပါ ဘဝနေထိုင်မှု အခြေအနေတွေ ကောင်းမွန် တိုးတက်လာစေဖို့က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ တာဝန် ဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေ ဘေးကင်း လုံခြုံတယ်လို့ ခံစားရ စေနိုင်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ အစဉ်တစိုက် ကြိုးစား ဆောင်ရွက်နေပြီး သူတို့လေးတွေရဲ့ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေးက ကျွန်တော်တို့ရဲ့ ထိပ်တန်း ဦးစားပေး အဆင့်မှာ ရှိနေပါတယ်။

ကျွန်ုပ်တို့၏ အမြုတေ တန်ဖိုးများ

ကြင်နာစိတ်ရှိတဲ့ စောင့်ရှောက်မှုနဲ့ သမာသမတ်ရှိမှု – ကျွန်တော်တို့ဟာ အိမ်မွေးတိရစ္ဆာန်ငယ်လေးတိုင်းကို ကိုယ့်ရဲ့ ကလေးငယ်လေးတွေအဖြစ် မှတ်ယူပြီး ကြင်နာစိတ်၊ မေတ္တာနဲ့ ရိုးသားဖြောင့်မတ်မှုတွေကို အခြေခံကာ စောင့်ရှောက် ဝန်ဆောင်မှုပေးနေပါတယ်။

ထူးချွန်ပြောင်မြောက်တဲ့ တိရစ္ဆာန် ဆေးကုသ စောင့်ရှောက်မှု – ကျွန်တော်တို့ဟာ အကောင်းဆုံး စံချိန်စံနှုန်းတွေနဲ့ ဆေးကုသ စောင့်ရှောက်ရေး ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကိုရော တိုးတက်နေတဲ့ ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း အသစ်တွေကို အစဉ်မပြတ် ပိုမိုကောင်းမွန်အောင် လေ့လာသင်ယူ ဝန်ဆောင်မှုပေးနေပါတယ်။

အသိုက်အဝန်းနဲ့ ယုံကြည်စိတ်ချရမှု – ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး၊ ပညာပေးမှုတွေနဲ့ ဂရုစိုက်မှုတွေကို အခြေပြုကာရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကို တည်ဆောက်နေပါတယ်။

ကျွန်ုပ်တို့၏ မှတ်တမ်း

ရန်ကုန်မြို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ၎င်းတို့ပိုင်ရှင် အသိုက်အဝန်းကို ဝန်ဆောင်မှုပေးနိုင်ဖို့ မျှော်မှန်းကာ ပြည်တိရစ္ဆာန်ဆေးခန်းကို တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုအခါမှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ယုံကြည်စိတ်အချရဆုံးသော တိရစ္ဆာန်ဆေးခန်း တစ်ခုအဖြစ် ရပ်တည်နေနိုင်နေပါပြီ။ ဒီနှစ်တွေ ကာလတွေတစ်လျှောက်လုံး အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့၊ ဖောက်သည်တို့ရဲ့ စိတ်ကျေနပ်မှု ရှိစေဖို့ကို ဦးစားပေးပြီး နာမည်တစ်ခု၊ ဂုဏ်သတင်းတစ်ခု ရလာစေဖို့ ကြိုးစားရပ်တည်ခဲ့ရပါတယ်။ ပုံမှန် ကျန်းမာရေး ဆေးစစ်တာမျိုးပဲဖြစ်ဖြစ်၊ ခက်ခဲ ရှုပ်ထွေးတဲ့ ခွဲစိတ် ကုသမှု ခံယူရတာမျိုးပဲဖြစ်ဖြစ် ကျွန်တော်တို့ဆေးခန်းဟာ သင်နဲ့ သင့်တိ-လေးတွေအတွက် အမြဲတမ်း အကောင်းဆုံး ကြိုးစားဆောင်ရွက် ကုသဝန်ဆောင်မှု ပေးနေပါတယ်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

Carine Le Port
Clean Clinic, a vet that truly cares about pets and owner. Warmly recommended!

✩✩✩✩✩

– Carine Le Port

previous arrow
next arrow

သင့်တိ-လေးအတွက် အကောင်းဆုံး ဝန်ဆောင်မှုတွေ ရယူဖို့ အသင့်ဖြစ်ပြီလား?

သင့်အိမ်မွေးတိ-လေးအတွက် အကောင်းဆုံး ပြုစုစောင့်ရှောက်မှုကို ရယူလိုက်ပါ – အခုပဲ ကျွန်တော်တို့ထံ ချိန်းဆိုရက်ချိန်း ရယူလိုက်ပါ။ ဝန်ဆောင်မှုများအကြောင်း ပိုပြီး သိလိုကလည်း ဆက်သွယ်စုံစမ်း ဖုန်းခေါ်ဆိုမေးမြန်းနိုင်ပါတယ်။

ကျွန်ုပ်တို့၏ အဖွဲ့

Photo of Dr. Aye Aye Khyne - Primary Veterinary Surgeon - Pyay Veterinary Clinic - Our Team Members

ဒေါက်တာအေးအေးခိုင်

တိရစ္ဆာန်ခွဲစိတ်ကုသဆရာဝန်ကြီး

နှစ်ပေါင်း ၄၀ ကျော် ဆေးကုသမှု အတွေ့အကြုံရှိတဲ့ ဒေါက်တာအေးအေးခိုင်ဟာ ပြည်တိရစ္ဆာန်ဆေးကုခန်း စတင်တည်ထောင်ခဲ့တဲ့ ၁၉၈၁ ခုနှစ်ကစပြီး ကျွန်ုပ်တို့ဆေးခန်းနဲ့ အတူ ရှိနေခဲ့ခြင်း ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းနဲ့ ခွဲစိတ်ကုသမှုတို့မှာ ကျွမ်းကျင်တဲ့ ဆရာမဟာ သင်တို့ရဲ့ တိ-လေးတွေ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် နေနိုင်စေရန် ကူညီဖို့ အမြဲအသင့်ရှိနေပါတယ်။

Photo of Dr. Than Aung Htaik - Associate Veterinary Surgeon - Pyay Veterinary Clinic - Our Team Members

ဒေါက်တာသန်းအောင်ထိုက်

တွဲဖက် တိရစ္ဆာန်ခွဲစိတ်ကုသဆရာဝန်

၂၀၁၈ ကစလို့ ပြည်တိရစ္ဆာန်ဆေးခန်းမှာ တာဝန်ယူခဲ့တဲ့ ဒေါက်တာသန်းအောင်ထိုက်ဟာ ရောဂါရှာဖွေရေးမှာ ကျွမ်းကျင်ပြီး တိရစ္ဆာန် ကြီးငယ်မရွေး ကျန်းမာတဲ့ ဘဝ လျှောက်လှမ်းနိုင်အောင် ကူညီဆောင်ရွက် ပေးနိုင်ပါတယ်။ ရောဂါရှာဖွေရေးနဲ့ ခက်ခဲနက်နဲလှတဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ကျွမ်းကျင်တဲ့အတွက် သင့်တိ-လေးတွေကို အကောင်းဆုံး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ အသင့်ရှိနေပါတယ်။

Photo of Htike Aung Kyaw - Digital Implementation Officer - Pyay Veterinary Clinic - Our Team Members

ထိုက်အောင်ကျော်

ဒစ်ဂျစ်တယ် အသုံးပြု ဖော်ဆောင်ရေး အရာရှိ

ဆေးခန်းရဲ့ ဒစ်ဂျစ်တယ်စနစ်များဖြစ်တဲ့ ဝက်ဘ်စာမျက်နှာ၊ ဆိုရှယ်မီဒီယာ၊ ပိုင်ရှင်နှင့် အိမ်မွေးတိရစ္ဆာန် အချက်အလက်မှတ်တမ်းများ၊ ဆေးကုသမှု မှတ်တမ်းများ၊ လက်ကျန်ပစ္စည်းစာရင်းများ၊ မိုက်ခရိုချစ် မှတ်ပုံတင်ခြင်းစတဲ့ အချက်အလက်နဲ့ စနစ်တွေကို လက်တွေ့ နောက်ဆုံး အခြေအနေနဲ့အညီ ဖြစ်စေဖို့၊ ဒစ်ဂျစ်တယ်စနစ်လုပ်ဆောင်ချက်များ အသုံးပြုရာတွင် အမြဲချောမွေ့အစဉ်ပြေမှုရှိစေဖို့ ဆောင်ရွက်ပေးနေပါတယ်။

လူမှုကွန်ယက် လင့်ခ်များ

Pyay Vet Clinic Yangon - Facebook Page Link - Social Button
Pyay Vet Clinic Yangon - Google Link - Social Button
Pyay Vet Clinic Yangon - LinkedIn Company Profile Page Link - Social Button
Pyay Vet Clinic Yangon - Message Us via Messenger App - Social Button
Pyay Vet Clinic Yangon - Contact Us Via WhatsApp - Social Button