Loading

Hold Treats! Playing Fetch...

ပြည်တိရစ္ဆာန်ဆေးကုခန်းအကြောင်း

၁၉၈၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ရန်ကုန်မြို့က ပြည်တိရစ္ဆာန်ဆေးကုခန်းဟာ မွေးထားတဲ့တိရစ္ဆာန်လေးတွေအတွက် စိတ်ရင်းစေတနာမှန်နဲ့ ပညာရှင်ဆန်ဆန် ကုသစောင့်ရှောက်မှုပေးနေတဲ့ ယုံကြည်စိတ်ချရတဲ့ ဆေးခန်းတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်ကတည်းက ကျွန်တော်တို့ရဲ့ရည်မှန်းချက်က ကုသပေးတဲ့ တိရစ္ဆာန်တိုင်းရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ဦးစားပေးပြီး အရည်အသွေးမြင့် ဆေးကုသမှု ဝန်ဆောင်မှုတွေ ပေးသွားဖို့ပဲဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ခရီးစဉ်

၁၉၈၁ ခုနှစ်မှာ လေးစားရတဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်ကြီးတွေဖြစ်တဲ့ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာခိုင်ဦးမာတို့ရဲ့ လမ်းညွှန်မှုနဲ့ ပြည်တိရစ္ဆာန်ဆေးကုခန်းကို စတင်တည်ထောင်ခဲ့ပါတယ်။ အဲဒီတုန်းက ဆေးခန်းရဲ့ အင်္ဂလိပ်အမည်ကို “ Prome Veterinary Clinic” လို့ နာမည်ပေးထားခဲ့ပြီး၊ အဲဒီနာမည်က ပြည်လမ်းမကြီးရဲ့ အဲ့အချိန်က ပေါင်းလေ့ရှိတဲ့ အင်္ဂလိပ်နာမည်ဖြစ်တဲ့ Prome Road ကနေ ယူပြီးပေးခဲ့တာပါ။ နောက်ပိုင်းမှာ လမ်းနာမည်က Pyay Road လို့ ပြောင်းလဲသုံးစွဲကြတဲ့အခါ သွားတဲ့အခါ ဆေးခန်းနာမည်ကိုလည်း “ Pyay Veterinary Clinic” လို့ ပြောင်းပြီး သုံးစွဲခဲ့ပါတယ်။ မြန်မာလို ဆေးခန်းရဲ့ အမည်စာလုံးပေါင်းကတော့ စတင်တဲ့အချိန်လည်းက “ ပြည်တိရစ္ဆာန်ဆေးကုခန်း” လို့ပဲ ပေးထားခဲ့တာပါ။

About Us - Timeline - Pyay Veterinary Clinic

စတင်တည်ထောင်ချိန်ကစပြီး ဒေါက်တာအေးအေးခိုင်က ဦးဆောင်လာခဲ့တဲ့ ဒီဆေးခန်းဟာ အရည်အသွေးမြင့် တိရစ္ဆာန်ဆေးကုသမှုတွေ ပေးနိုင်ဖို့ အမြဲကြိုးစားနေခဲ့ပါတယ်။ အင်္ဂလိပ် နာမည်စာလုံးပေါင်း ပြောင်းသွားပေမယ့် ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆေးပညာ အရည်အသွေးကတော့ အမြဲ ကောင်းမွန်နေအောင် ထိန်းသိမ်းထားပါတယ်။

၂၀၁၈ ခုနှစ်မှာ ဆေးခန်းကို ဒေါက်တာသန်းအောင်ထိုက် ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ ရောဂါရှာဖွေရေး ကျွမ်းကျင်မှုနဲ့ ခေတ်မီတဲ့ဆေးပညာအမြင်တွေက ခွေး၊ ကြောင်နဲ့ တိရစ္ဆာန်ငယ်လေးတွေကို ပိုမိုထိရောက် တိကျစွာ ရောဂါရှာဖွေကုသနိုင်မှုကို ဖော်ဆောင်ပေးခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်အဖွဲ့ဟာ အတွေ့အကြုံနဲ့ ခေတ်မီနည်းပညာတွေကို ပေါင်းစပ်ပြီး သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အကောင်းဆုံး ကုသစောင့်ရှောက်မှုတွေပေးနေပါတယ်။


ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ စောင့်ရှောက်မှုအပေါ် သန္နိဋ္ဌာန်

ပြည်တိရစ္ဆာန်ဆေးကုခန်းမှာ အိမ်မွေးတိရစ္ဆာန်တွေဟာ မိသားစုဝင်တွေလိုပဲ၊ ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို ရထိုက်တယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံယုံကြည်ချက်က စိတ်ရင်းကောင်းနဲ့ အရည်အသွေးမြင့် စောင့်ရှောက်မှုတွေကို ပေးဖို့ပါ။ ဒါ့ကြောင့် သင့်အိမ်မွေးတိရစ္ဆာန်တွေရဲ့ ရေရှည်ကျန်းမာရေးကို အဓိကထား ဂရုစိုက်ဝန်ဆောင်မှု ပေးနေပါတယ်။ ကျွန်တော်တို့ဟာ ဂရုတစိုက်၊ လေးစားမှုအပြည့်နဲ့ ပညာရှင်ဆန်တဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး ဆေးကုသမှုတွေ ပေးနိုင်ဖို့ ကတိပြုထားပါတယ်။

  • ဘက်စုံ တိရစ္ဆာန်စောင့်ရှောက်မှု – သင့်တိ-လေးတွေရဲ့ ရေရှည် ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ကျွန်တော်တို့က ကြိုတင်ကာကွယ်မှုကို အထူးအလေးပြု ဆောင်ရွက်ပေးပါတယ်။
  • တစ်ကောင်ချင်းစီအတွက် အထူးဂရုစိုက် စောင့်ရှောက်မှု – တိ-လေးတစ်ကောင်စီတိုင်းဟာ အခြားတိ-များနဲ့မတူ တမူထူးခြားတဲ့ အချက်လေးတွေ ရှိနိုင်ပါတယ်။ သူတို့ တစ်ကောင်ချင်းရဲ့ လိုအပ်ချက်တွေ၊ အသက်အရွယ်အလိုက် လိုအပ်ချက်တွေ မတူညီတာကြောင့် တစ်ကောင်ချင်းစီအတွက် အကောင်းဆုံး စောင့်ရှောက်မှုတွေ ရရှိစေဖို့ ကုသရေးအစီအစဉ်တွေကို စီမံပေးပါတယ်။
  • ယုံကြည်မှုနဲ့ ပွင့်လင်းမြင်သာမှု – ယုံကြည်မှုရှိစေဖို့နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်မှုအပေါ် အခြေခံပြီး ကျွန်တော်တို့ဟာ ဆေးခန်းကို လာရောက်ပြသသူတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းပါတယ်။ သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနဲ့ သင့်ရဲ့စိတ်အေးချမ်းသာမှုဟာ ကျွန်တော်တို့ရဲ့ အဓိက ဦးစားပေးချက်တွေပါ။
  • ဘက်စုံ ရောဂါရှာဖွေမှု – ကျွန်တော်တို့မှာ ဆေးခန်းတွင်း ဓာတ်ခွဲစစ်ဆေးမှုတွေအပြင် အခြားလိုအပ်တဲ့ အထူးစစ်ဆေးမှုတွေအတွက် ပြင်ပဓာတ်ခွဲခန်းတွေနဲ့လည်း ချိတ်ဆက်ထားပါတယ်။

ဒေါက်တာအေးအေးခိုင်နဲ့ ဒေါက်တာသန်းအောင်ထိုက်တို့ ဦးဆောင်တဲ့ ပြည်တိရစ္ဆာန်ဆေးကုခန်းအဖွဲ့ဟာ ခေတ်မီတဲ့ တိရစ္ဆာန်ဆေးပညာ နည်းစနစ်တွေကို သုံးပြီး သင့်တိ-လေးတွေရဲ့ ကျန်းမာပျော်ရွှင်မှုအတွက် အမြဲ ဂရုတစိုက် စောင့်ရှောက်ပေးဖို့ အသင့်ရှိနေပါတယ်။


ဘာကြောင့် ပြည်တိရစ္ဆာန်ဆေးကုခန်းကို ရွေးချယ်သင့်လဲ?

  • ယုံကြည်စိတ်ချရတဲ့ သမိုင်းကြောင်း – ၁၉၈၁ ခုနှစ်ကတည်းက လူထုကို ဝန်ဆောင်မှုပေးခဲ့တဲ့အတွက် တိရစ္ဆာန် ဆေးကုသရေးမှာ ယုံကြည်စိတ်ချရတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါတယ်။
  • အမြဲအားစိုက်ထုတ်ကြိုးစားနေတဲ့ အဖွဲ့ – ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်တွေဟာ နှစ်ပေါင်းများစွာက ရလာတဲ့ အတွေ့အကြုံတွေကို ခေတ်မီရောဂါရှာဖွေရေး ကိရိယာတွေနဲ့ ပေါင်းစပ်ပြီး ဘက်စုံကုသမှု ပေးနေပါတယ်။
  • လူထုဗဟိုပြု စောင့်ရှောက်မှု – ရန်ကုန်ရှိ တိရစ္ဆာန်မွေးမြူသူများရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်မှုကို ဂုဏ်ယူပြီး၊ မျိုးဆက်နဲ့ချီကာကျွန်တော်တို့က အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စောင့်ရှောက်ဝန်ဆောင်မှု ပေးနေပါတယ်။

ဆက်သွယ်ချိတ်ဆက်ရန်

ဝန်ဆောင်မှုများ အကြောင်း အသေးစိတ် အချက်အလက်ရယူဖို့၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ ဆက်သွယ်ရက်ချိန်းရယူဖို့ –