မှတ်ပုံတင်ထားသည့် အိမ်မွေးတိရစ္ဆာန် မိုက်ခရိုချစ်ပ် နံပါတ်များ
ကျွန်တော်တို့ရဲ့ အိမ်မွေးတိရစ္ဆာန် မိုက်ခရိုချစ် မှတ်ပုံတင်စာရင်းမှ ကြိုဆိုလိုက်ပါတယ်။ ပြည်တိရစ္ဆာန်ဆေးကုခန်းဟာ သင့် တိ-လေးတွေရဲ့ လုံခြုံမှုနဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှုအတွက် အစဉ်အမြဲ ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင်စာရင်းဟာ ပျောက်သွားတဲ့ တိရစ္ဆာန်လေးတွေကို ၎င်းတို့ရဲ့ မိဘ၊ ပိုင်ရှင်တွေနဲ့ မြန်မြန် ပြန်လည် ဆုံတွေ့ခွင့်ရစေနိုင်ဖို့ ရည်ရွယ်ထားတာပါ။
မိုက်ခရိုချစ်ပ်ဆိုတာဘာလဲ?
မိုက်ခရိုချစ်ပ်ဆိုတာ သေးငယ်တဲ့ စက်ကရိယာလေးပဲဖြစ်ပါတယ်။ ၎င်းဟာ ဆန်စေ့လောက်သာ အရွယ်အစားရှိပါတယ်။ အဲ့ဆန်စေ့လောက်လေးရှိတဲ့ စက်ကရိယာလေးကို သင့် အိမ်မွေးတိရစ္ဆာန်တွေရဲ့ အရေပြားအောက်ကို ထိုးသွင်း၊ ထည့်ပေးထားရတာပါ။ မိုက်ခရိုချစ်ပ်တစ်ခုစီမှာ မတူညီတဲ့ Unique ID နံပါတ် တစ်ခုစီပါပါတယ်။ အဲ့ဒီနံပါတ်ကို တိရစ္ဆာန် ဆေးကုဆရာဝန်တွေနဲ့ တိရစ္ဆာန်ဂေဟာမှာ ရှိတဲ့သူတွေက သူတို့မှာရှိတဲ့ စက်လေးတွေနဲ့ ဖတ်ပြီး ရယူရှာဖွေနိုင်ပါတယ်။ ဒီနံပါတ်တွေပါတဲ့ ပျောက်ဆုံးသွားတဲ့ တိရစ္ဆာန်လေးတွေဟာ ၎င်းတို့ရဲ့ မိသားစုထံကို ဒီနံပါတ်လေးတွေအကူအညီနဲ့ ပြန်လည်စုံဆည်းခွင့် ရရှိနိုင်ကြမှာပဲ ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ မိုက်ခရိုချစ်ပ် မှတ်ပုံတင်စာရင်း
အောက်ဖော်ပြပါ ဇယားမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန် မိုက်ခရိုချစ် ID နံပါတ်လေးတွေကတော့ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်စာရင်းထဲမှာရှိတဲ့ နံပါတ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီနံပါတ်ပါတဲ့ တိရစ္ဆာန်လေးတွေနဲ့ ၎င်းတို့ရဲ့ ပိုင်ရှင်၊ မိဘ၊ အုပ်ထိန်းသူတွေရဲ့ အချက်အလက်အချို့ ကျွန်တော်တို့လက်ထဲမှာ ရှိနေပါတယ်။ ဒီ ID ပါတဲ့ တိ-လေးတွေဟာ ရန်ကုန်က ကျွန်တော်တို့ရဲ့ ပြည်တိရစ္ဆာန်ဆေးကုခန်းမှာ မိုက်ခရိုချစ်ပ် ထည့်သွင်းထားတာဖြစ်ဖြစ် ကျွန်တော်တို့ ဆေးခန်းမှာ ပြသဝန်ဆောင်မှု ရယူထားဖူးတာဖြစ်ဖြစ် လုပ်ဖူးတဲ့အတွက် ကျွန်တော်တို့မှာ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရှိနေခြင်းဖြစ်ပါတယ်။
တိ-ပိုင်ရှင်များအတွက် အရေးကြီး အချက်အလက်များ
အကယ်၍ သင်ဟာ အောက်ဖော်ပြပါ မိုက်ခရိုချစ်ပ် နံပါတ် ထည့်ထားတဲ့ တိရစ္ဆာန်လေးတစ်ကောင်ကောင်ကို ရှာတွေ့ထားတာမျိုးရှိခဲ့ရင် ကျွန်တော်တို့ဆီ ဆက်သွယ် အကြောင်းကြားပေးပါ။ ကျွန်တော်တို့က ၎င်းရဲ့ ပိုင်ရှင်ထံ ချက်ချင်း ဆက်သွယ် အကြောင်းကြားပေးပြီး ပြန်လည်ဆုံတွေ့နိုင်အောင် ကူညီပေးသွားပါ့မယ်။ ကျွန်တော်တို့ရဲ့ တိရစ္ဆာန်လေးတွေလုံခြုံမှုရှိစေရေးနဲ့ တာဝန်ရှိရှိ တိရစ္ဆာန်များကို မွေးမြူထားရေးကို အားပေးနေတာကို ဒီမှတ်ပုံတင်စာရင်းမှာ ထင်ဟပ်မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ မိုက်ခရိုချစ်ပ်နံပါတ်ပါ တိ-ပိုင်ရှင်တွေအနေနဲ့ သင်တို့ရဲ့ နောက်ဆုံး အချက်အလက်တွေကို ကျွန်တော်တို့ဆီ အီးမေးလ်နဲ့ဖြစ်စေ ဆက်သွယ်ရန်ဖောင်ကို အသုံးပြုပြီးဖြစ်စေ အပ်ဒိတ်လုပ်ပေးစေလိုပါတယ်။ ဖြည့်ပေးဖို့ လိုအပ်တဲ့ အချက်အလက်တွေပါတဲ့ ဖောင်ကို ကျွန်တော်တို့က ပေးပို့သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ တိ-လေးတွေရဲ့ ဓာတ်ပုံကို ဒီနေရာမှာ ပြပေးထားနိုင်ဖို့ ပေးပို့စေလိုပါတယ်။ တိ-လေးတွေရဲ့ ပုံပါရင် ပြန်လည်ဆုံဆည်းနိုင်ဖို့ အခွင့်အရေးပိုများစေနိုင်ပါတယ်။
အကယ်၍ ကျွန်တော်တို့ ဆေးခန်းမှာ မိုက်ခရိုချစ်ပ်ထည့်သွင်းထားခဲ့ (ဒါမှမဟုတ် သင့် မိုက်ခရိုချစ်ပ်ရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးဟာ ကျွန်တော်တို့ ဆေးခန်းကို လာပြဖူးခဲ့) ပေမယ့် ဒီနေရာမှာ အချက်အလက်ဖော်ပြထားခြင်းမရှိရင် ကျွန်တော်တို့မှာ သင်ကို ဆက်သွယ်နိုင်မယ့် အချက်အလက် အပြည့်အစုံမရှိတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကို ဆက်သွယ်အကြောင်းကြားပေးပါက ကျွန်တော်တို့ မှတ်ပုံတင်စာရင်းထဲ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
သင့်တိ-လေးတွေ ဒီနေ့ပဲ မှတ်ပုံတင်လိုက်ပါ
သင့် အိမ်မွေးတိ-လေးတွေကို ကျွန်တော်တို့ဆီ စာရင်းသွင်းလိုပါသလား? ရန်ကုန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ဆေးခန်းဟာ သင်နဲ့ သင့်ကလေးတွေ လုံခြုံစိတ်ချစွာနေနိုင်ရေးအတွက် အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။ စာရင်းသွင်းဖို့ လုပ်ငန်းစဉ်အသေးစိတ်ကို သိရှိလိုပါက ကျွန်တော်တို့ထံ အခုပဲ ဆက်သွယ်လိုက်ပါ။
သင့်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကျွန်တော်တို့ အလေးထား တန်ဖိုးထားပါတယ်။ တိ-ပိုင်ရှင်၊ မိဘတွေရဲ့ အချက်အလက်တွေကို ၎င်းတို့ရဲ့ သဘောတူညီချက်မပါဘဲ အခြားသူများကို မျှဝေသွားမှာ မဟုတ်ပါ။