Loading

Hold Treats! Playing Fetch...

မေးလေ့မေးထရှိသည့် မေးခွန်းများ (FAQs)

ဆေးခန်းနှင့်ပတ်သက်သော အချက်အလက်များ

ဆေးခန်း ဘယ်အချိန်ဖွင့်လဲ?

နေ့စဉ် နံနက် ၉း၃၀ မှ နေ့လည် ၁၂း၃၀ အထိ ဖွင့်ပါတယ်။ အများပြည်သူ အားလပ်ရက်ဖွင့်ချိန်တွေကို ကျွန်တော်တို့ရဲ့ ဝက်ဘ်စာမျက်နှာ နဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာ မှာ စောင့်ကြည့်ပေးပါ။ ဒါမှမဟုတ် တိုက်ရိုက် ဖုန်းခေါ်ဆို မေးမြန်းစုံစမ်းနိုင်ပါတယ်။


ကြိုတင်ချိန်းဆိုဖို့လိုလား၊ ဒီအတိုင်းတန်းလာလို့ရလား?

အချိန်နဲ့တပြေးညီ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးစေနိုင်ဖို့ ကြိုတင်ချိန်းဆို ပေးစေလိုပါတယ်။ သို့သော် ဆေးခန်းဖွင့်ချိန်အတွင်း ဒီအတိုင်း တန်းလာလို့လည်း ရပါတယ်။ ဖြစ်နိုင်ရင်တော့ ကြိုတင်ပြီး ဖုန်းခေါ်ဆို ချိန်းဆိုမှု ရယူပေးစေလိုပါတယ်။


ဘယ်လို ငွေပေးချေမှုတွေ လက်ခံပါသလဲ?

မြန်မာကျပ် ငွေသားနဲ့ ပေးချေစေလိုပါတယ်။ လတ်တလော ဘဏ်ကဒ်ဖြင့်ပေးချေမှုများ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။ ဆေးခန်းအနီး နိုဗိုတယ်ဟိုတယ်ရှေ့မှာတော့ ဧရာဝတီဘဏ် ATM စက် ရှိပါတယ်။ ဆေးခန်းနဲ့ ၂ မိနစ်သာ ကွာဝေးပါတယ်။
ပုံမှန်အခြေအနေများမှာတော့ မိုဘိုင်း ငွေပေးချေမှု စနစ်များဖြစ်တဲ့ KBZPay, AYA Pay, WavePay စသည့် စနစ်များဖြင့် ပေးချေနိုင်ပါတယ်။ မိုဘိုင်း ဘဏ်လွှဲ ငွေပေးချေမှု စနစ်များဖြစ်တဲ့ KBZmBanking, AYA Mobile 2.0, Yoma Bank Next, CB Pay) စသည်တို့နှင့်လည်း ပေးချေနိုင်ပါတယ်။ ငွေသားမဟုတ်တဲ့ ပေးချေမှုစနစ်များအတွက် ကျွန်တော်တို့ကို ကြိုတင် ဆက်သွယ် စုံစမ်းပေးစေလိုပါတယ်။ သို့မှသာ ကျွန်တော်တို့ အဖွဲ့ က သင့်ကို ငွေပေးချေမှုနဲ့ ပတ်သက်ပြီး အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။


အကယ်၍ အရေးပေါ် အခြေအနေ ကြုံတွေ့ပါက ဆေးခန်းချိန်ပြင်ပ ဖုန်းခေါ်ဆိုလို့ရနိုင်ပါသလား?

လက်ရှိအချိန်မှာ ဆေးခန်းချိန်ပြင်ပ အရေးပေါ်ဝန်ဆောင်မှု မပေးနိုင်သေးပါ။ သင်နဲ့ အနီးဆုံး ၂၄-နာရီဖွင့်တဲ့ တိရစ္ဆာန် ဆေးခန်း၊ ဆေးရုံတွေကို ဆက်သွယ်ဖို့ အကြံပြုလိုပါတယ်။ သို့သော်လည်း ဆေးခန်းချိန်ပြင်ပ ပြသလိုပါက ဖုန်းခေါ်ဆိုဆက်သွယ်ကြည့်ပေးပါ။ တတ်အားသ၍ ဝန်ဆောင်မှုပေးနိုင်အောင် ကြိုးစား ချိန်းဆိုပေးပါ့မယ်။


ဆေးခန်းကဘယ်နားမှာလဲ?

#၄၇၁ စီ၊ ပြည်လမ်း၊ (၈) ရပ်ကွက်၊ ကမာရွတ်၊ ရန်ကုန်မှာ ဆေးခန်းဖွင့်ထားတာပါ။ နိုဗိုတယ်ဟိုတယ်အနီးမှာ ရှိပါတယ်။ ဝက်ဘ်ဆိုက်ရှိ ဆေးခန်းတည်နေရာ စာမျက်နှာ မှာ လမ်းညွှန်ချက်နှင့် မြေပုံကို ကြည့်နိုင်ပါတယ်။


ဆေးခန်းမှာ ကားရပ်ဖို့နေရာရှိလား?

ဟုတ်ကဲ့၊ ဆေးခန်းလာပြသူတွေအတွက် ကားရပ်ဖို့နေရာစီစဉ်ပေးထားပါတယ်။ ကား ၇ စီးခန့် ရပ်နားလို့ရပါတယ်။


ဝန်ထမ်းတွေက ဘယ်ဘာသာစကားတွေ ပြောတတ်ကြလဲ?

ကျွန်တော်တို့ ဝန်ထမ်းတွေက မြန်မာစကားရော အင်္ဂလိပ်စကားပါ ပြောတတ်ကြပါတယ်။


သင်တို့ရဲ့ ဆေးခန်းကို ကျွန်တော့်ရဲ့ တိ-လေးရဲ့ ကုသစောင့်ရှောက်မှုကို လွှဲလာလို့ရမလား?

မိတ်ဆွေသစ်နှင့် ဖောက်သည်အသစ်တွေကို ကျွန်တော်တို့က အမြဲ ကြိုဆိုနေပါတယ်။ သင့် တိ-လေးရဲ့ ကုသစောင့်ရှောက်မှုကို ကျွန်တော်တို့ဆေးခန်းကို ပြောင်းပြီး လာပြလို့ရပါတယ်။ ကျွန်တော်တို့က ကူညီဖို့ အသင့်ရှိနေပါတယ်။ သင့်မှာရှိသမျှ ဆေးကုသမှု မှတ်တမ်းများ၊ ကာကွယ်ဆေးမှတ်တမ်းများ၊ တိရစ္ဆာန်ဆိုင်ရာ အချက်အလက် အကုန်လုံးကို သာ ယူခဲ့ပါ။ ကျွန်တော်တို့ ကျန်တာ ကို ဆက်ပြီး ဝန်ဆောင်မှု ပေးသွားပါ့မယ်။


ကြိုတင်ကာကွယ်ခြင်းနှင့် ကာကွယ်ဆေးများ

ကျွန်တော်တို့ရဲ့ တိ-လေး ဘာကာကွယ်ဆေးတွေ ထိုးဖို့ လိုအပ်လဲ?

ခွေးများအတွက် အရေးကြီးတဲ့ ကာကွယ်ဆေးတွေကတော့ ခွေးရူးကာကွယ်ဆေး (Rabies)၊ ကျောက်သွေးဝမ်း (Distemper)၊ ကျောက်ကပ်ယောင်၊ အသည်းယောင် ကာကွယ်ဆေးများ ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအတွက် ကာကွယ်ဆေးများ (Parainfluenza)၊ ခွေးများအဖြစ်များသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Canine Coronavirus), Canine Parvovirus, and Leptospirosis များအတွက် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ကြောင်များအတွက် Feline Herpesvirus, Feline Panleukopenia, Feline Calicivirus, Chlamydophila Felis နဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထိုးသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များဟာ သင့် တိ-လေးတွေအတွက် ကိုက်ညီလိုအပ်မယ့် ကာကွယ်ဆေးတွေထိုးဖို့ အကြံပြုပေးပါလိမ့်မယ်။


ကျွန်တော့်တိ-လေးတွေ ဘယ်လောက်တစ်ခါ ကာကွယ်ဆေးထိုးဖို့လိုပါလဲ?

အသက် ၆ ပတ် ပြည့်ပြီး ခွေးလေးများကို ကာကွယ်ဆေး ၃ ကြိမ် ထိုးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်နဲ့ တစ်ကြိမ်ကို ၃ ပတ် ခြားပြီး ထိုးလေ့ရှိပါတယ်။ ၃ ကြိမ်ပြည့်ပြီးတဲ့အခါ တစ်နှစ်ကို တစ်ကြိမ် Booster Dose ထိုးပေးဖို့လိုပါတယ်။ အသက် ၉ ပတ်ပြည့်ပြီးတဲ့ ကြောင်လေးတွေအတွက် ကာကွယ်ဆေး ၂ ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်အကြား ၃ ပတ်မှ ၄ ပတ်ခွာပြီး ထိုးလေ့ရှိပါတယ်။ အဲ့ဒါပြီးရင် တစ်နှစ်တစ်ကြိမ် Booster Dose ထိုးပေးဖို့ လိုပါတယ်။


သန်းနဲ့ မွှား ကာကွယ်နိုင်တဲ့ ဆေးတွေ ရနိုင်ပါသလား?

ဟုတ်ကဲ့၊ ကျွန်တော်တို့ဆေးခန်းမှာ တစ်နှစ်ပတ်လုံး သန်း၊ မွှားနဲ့ အခြား ကပ်ပါးကောင်တွေ ကာကွယ်ဖို့အတွက် ဆေးနဲ့ ပစ္စည်းများ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ထိရောက်တဲ့ ကာကွယ်မှုများအတွက် လစဉ်ဂုတ်မှာ အစက်ချတဲ့ ဆေးများ၊ သောက်ဆေးများ၊ ထိုးဆေးများ ရှိပါတယ်။ သင့် တိ-လေး နေထိုင်ပုံနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ကျွန်တော်တို့က ဘာသုံးသင့်လဲ ညွှန်းဆိုပေးလို့ရပါတယ်။ ပိုကြာကြာခံတဲ့ သန်းနဲ့မွှား ကာကွယ်တဲ့ လည်ပတ်တွေလည်း ရှိပါတယ်။ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်များ ဟာ သင်တိ-လေးအတွက် စိတ်အချရဆုံးနဲ့ သက်တောင့်သက်သာ အရှိဆုံး အရာကို ရွေးချယ်ညွှန်းဆို ပေးသွားမှာ ဖြစ်ပါတယ်။


ကျွန်တော့် တိ-လေးဘယ်အရွယ်ကစပြီး ပုံမှန် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ လိုပါသလဲ?

အသက် ၆ ပတ် ကနေ ၈ ပတ်အကြား ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်မှုတွေ စတင်ပြုလုပ်ပေးသင့်ပါတယ်။


သန်ချဖို့ ဘာလို့ အရေးကြီးလဲ?

သန်ချခြင်းဟာ တိ-လေးတွေရော လူတွေအတွက်ပါ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကပ်ပါးပိုးများကို ရှင်းပေးနိုင်ပါတယ်။ အထူးသဖြင့် ခွေးငယ်၊ ကြောင်းငယ်လေးတွေအတွက် ပုံမှန်သံချပေးဖို့ ပိုပြီးအရေးကြီးပါတယ်။ အသက်အရွယ်ကြီးပြီဖြစ်တဲ့ တိ-လေးတွေအတွက်လည်း ပုံမှန် သံချပေးဖို့ လိုပါတယ်။


ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်း ပြုလုပ်ရင် ရောဂါတွေကို စောလျင်စွာ ရှာဖွေပေးနိုင်ပါသလား?

ဟုတ်ကဲ့၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ သွေးစစ်ခြင်းတွေဟာ ရောဂါလက္ခဏာတွေကို စောလျင်စွာ ရှာတွေ့စေနိုင်အောင် ကူညီပေးပါတယ်။ စောစောသိတဲ့အတွက် ရောဂါအခြေအနေ ပိုမိုမဆိုးဝါးမီ ပျောက်ကင်းအောင် စောစော ကုသပေးနိုင်ဖို့ အခွင့်အရေးပေးနိုင်ပါတယ်။


ဆေးခန်းမှာ ဘယ်လို ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်း ဝန်ဆောင်မှုတွေ ရယူနိုင်ပါသလဲ?

ကျွန်တော်တို့ရဲ့ ကြိုတင်ကာကွယ် စောင့်ရှောက်ခြင်း ဝန်ဆောင်မှု တွေထဲမှာ ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကြိုတင်ရှာဖွေ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း တွေ ပါဝင်တဲ့အတွက် သင့် တိ-လေး ကျန်းမာပျော်ရွှင်စွာ နေနိုင်ရေး အထောက်အကူပေးနိုင်ပါတယ်။


နှလုံးသန်ကောင် ကာကွယ်ဖို့ ဘယ်ဆေးနဲ့နည်းကို ထောက်ခံပေးပါလဲ?

လစဉ်အသုံးပြုတဲ့ နှလုံးသန်ကောင် ကာကွယ်ဆေးတွေကို သုံးဖို့ အကြံပြုပါတယ်။ ထိရောက်မှု ရှိမရှိ တစ်နှစ်တစ်ခါ စစ်ဆေးမှု ခံယူသင့်ပါတယ်။


အိမ်တွင်းထားတိ-လေးတွေနဲ့ အိမ်ပြင်ထားတိ-လေးတွေ အတွက် ကြိုတင်ကာကွယ်ခြင်း လိုအပ်ချက်တွေ ကွာနိုင်ပါသလား?

ဟုတ်ကဲ့။ အိမ်ပြင်ထားတဲ့ တိ-လေးတွေဟာ ပိုမိုထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတွေ ကုသမှုနည်းတွေ ပိုလိုအပ်နိုင်ပါတယ်။ ရောဂါနဲ့ ကပ်ပါးကောင်တွေနဲ့ တွေ့နိုင်တဲ့ အခွင့်အရေးပိုများတဲ့ အတွက် ဖြစ်ပါတယ်။


မိမိရဲ့ တိ-လေးတွေ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးရင် စိတ်ချရပါသလား?

ပုံမှန်အားဖြင့် မမွေးရသေးတဲ့ ခွေးလေးတွေ ကြောင်လေးတွေအတွက် အန္တရာယ်ကို မဖြစ်စေဖို့ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးတာကို ရှောင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်တဲ့အတွက် ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင် အကြံပြုချက်ရယူပြီး စောင့်ရှောက်မှုဝန်ဆောင်မှုတွေ ရယူသင့်ပါတယ်။


ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း

ဘယ်လို ရောဂါရှာဖွေမှု ဝန်ဆောင်မှုတွေ ရယူနိုင်ပါသလဲ?

သွေးစစ်ခြင်း၊ အရေပြားခြစ် စစ်ဆေးခြင်း၊ ဆီးနှင့် ဝမ်း စစ်ဆေးခြင်း မိုက်ခရိုစကုတ်ဖြင့် စစ်ဆေးခြင်း၊ RDT Test Kit များဖြင့် စစ်ဆေးခြင်း စတဲ့ ရောဂါရှာဖွေမှု နည်းအမျိုးမျိုးကို သင့် တိ-လေးတွေရဲ့ ကျန်းမာရေး စစ်ဆေးဖို့အတွက် ဝန်ဆောင်မှုပေးနေပါတယ်။


ရောဂါရှာဖွေမှု ဆေးစစ်ချက်အဖြေတွေကို ဘယ်လောက်မြန်မြန် ရနိုင်ပါသလဲ?

ဆေးစစ်မှု အဖြေအများစုကို တစ်ရက်၊ နှစ်ရက်အတွင်း ရယူနိုင်ပါတယ်။ အချို့ အထူးစစ်ဆေးရတဲ့ စမ်းသပ်မှုများအတွက် ရက်အနည်းငယ်ကြာမှ အဖြေရနိုင်မှာ ဖြစ်ပါတယ်။


ကျွန်တော့်ရဲ့ တိ-လေး နေထိုင်မကောင်းတဲ့ လက္ခဏာတွေပြရင် ဘာလုပ်ရမလဲ?

ကျွန်တော်တို့ ဆေးခန်းကို ချက်ချင်းဆက်သွယ်ပြီး စမ်းသပ်ကုသမှုခံယူဖို့အတွက် ချိန်းဆိုမှုပြုပါ။ လျင်မြန်တဲ့ ဆေးကုသ စောင့်ရှောက်မှုကို ခံယူရင် ရောဂါပိုမိုဆိုးရွာလာမှုကို ကာကွယ်ပေးနိုင်ပါတယ်။


Do You Provide Care For Chronic Conditions?

Yes, We Manage Chronic Illnesses Like Diabetes, Kidney Disease, and Arthritis with Ongoing Treatment Plans.


How Do You Determine the Best Treatment for My Pet?

Our Veterinarians will Discuss Diagnostic Findings With You and Recommend Treatments Tailored to Your Pet’s Needs.


Do You Treat Pets with Skin Conditions or Allergies?

Yes, We Provide Specialized Care for Skin Conditions and Allergies.


Can My Pet Receive Medications Through Your Clinic?

Yes, We Can Prescribe and Dispense Most Medications Your Pet May Need.


Are Follow-Up Visits Required After Treatment?

Follow-Up Visits Depend on the Diagnosis. We’ll Guide You on Any Necessary Check-Ups or Additional Care.


Can You Help With Dietary Recommendations For My Pet?

Absolutely. Our Team Provides Dietary Guidance For Pets of All Ages and Conditions.


Consulting & Advising

What Types of Consulting Services Do You Offer?

We Offer Consultations on Nutrition, Behavioral Concerns, Preventive Care, and Travel Health.


Do You Provide Advice on Pet Behavior Issues?

Yes, Our Team can Provide Guidance on Managing Behavioral Issues and Offer Referrals if Specialized Care is Needed.


How Can I Schedule a Consultation?

Simply Contact Us to Schedule a Consultation. We’ll Find a Time That Works for You and Your Pet.


What Should I Bring to a Consultation?

Bring Any Previous Medical Records, Medications, and a List of Concerns or Questions for Your Pet’s Visit.


Surgical Procedures

What Types of Surgeries Do You Offer?

We Perform Spaying, Neutering, Dental Surgery, Tumor Removal, and Other Soft Tissue Surgeries.


Is Anesthesia Safe for My Pet?

While There Are Some Risks Associated with Anesthesia and Surgery, We Prioritize Safety by Using Modern, Reliable Anesthetics and Closely Monitoring Your Pet Throughout The Procedure to Minimize Any Risks.


How Should I Prepare My Pet for Surgery?

Avoid Feeding Your Pet for 12 Hours Before Surgery. Fasting From Both Food and Water is Essential. We’ll Provide Full Instructions When We Schedule the Procedure.


Why Does My Pet Need to Fast Before Surgery?

Fasting Helps Reduce the Risk of Complications Like Vomiting and Aspiration While Under Anesthesia. An Empty Stomach Prevents Any Food or Liquid From Being Regurgitated, Which Could Be Inhaled Into the Lungs In Some Cases, Causing Respiratory Issues. Following Fasting Guidelines is Essential for a Safer Surgery.


How Long Should My Pet Fast Before Surgery?

Most Pets Need to Fast for About 12 Hours Before Surgery, Which Usually Means No Food and After 8 PM the Night Before the Procedure. Water May Be Restricted around 6 Hours Before Surgery, But Exact Instructions Vary Depending on Your Pet’s Age, Health, and Surgery Type. Always Follow the Specific Instructions Provided By Your Veterinarian When Scheduling.


What Post-Surgery Care is Required?

We Provide Post-Operative Care Instructions, Including Medications, Activity Restrictions, and Follow-Up Visits.


What Happens After My Pet’s Surgery? Can I Take Them Home Right Away?

This Depends on The Type of Surgery Received, But In Most Cases, Yes. Pets Can Go Home Shortly After Surgery, Usually Within a Few Minutes or Hours After the Completion of Surgery. For Follow-Up, We Typically Schedule Post-Operative Visits 3 to 7 Days After The Procedure. These Follow-Up Appointments are Essential to Monitor the Pet’s Recovery, Check the Surgical Site, and Ensure There Are No Complications. If You Prefer Your Pet to Stay Overnight, Hospitalization in Some Cases Be Arranged Upon Request, Though Additional Charges Apply. We Recommend Discussing These Options With Our Veterinarians Before Surgery To Determine What’s Best for Your Pet.


Dental Care for Pets

Do Pets Need Regular Dental Care?

Dental Care Prevents Tartar Build-Up, Gum Disease, and Related Health Issues.


How Often Should I Schedule Dental Cleanings?

Typically, Pets Benefit From Annual Dental Check-Ups. Some May Need More Frequent Care.


What Are Signs of Dental Issues in Pets?

Signs Include Bad Breath, Drooling, Pawing at the Mouth, and Difficulty Eating.


Can I Brush My Pet’s Teeth At Home?

Yes, Regular Brushing is Beneficial. We Can Recommend Pet-Safe Dental Products.


Microchip & Registry

What is Microchipping?

Microchipping is a Simple and Safe Procedure Where A Small Chip About the Size of a Rice Grain is Implanted Under Your Pet’s Skin. This Chip Contains a Unique Identification Number That Can Be Scanned to Identify Your Pet.


Are Your Microchips ISO Certified?

Yes, the Microchips We Use are ISO – 11784 / ISO – 11785 Certified, Ensuring They Meet International Standards For Quality and Safety.


How Does a Microchip Work?

When A Lost Pet is Found, a Veterinarian or Animal Shelter can Scan the Chip to Retrieve The Owner’s Contact Information from the Registry, Allowing for a Quick Reunion.


How is Microchipping Different from Collar Tags?

Unlike Collar Tags, Which Can Fall Off or Be Removed, a Microchip is Permanent and Cannot be Lost or Altered. Collar Tags Can Provide Immediate Identification, But Microchips Offer a More Secure, Long-Term Solution.


What Are the Advantages of Microchipping Over GPS Trackers?

While GPS Trackers Provide Real-Time Location Data, They Require Batteries and Can Be Expensive. Microchips Do Not Require Power and Remain Functional for The Pet’s Lifetime. Microchips Also Serve As A Permanent Form of Identification, Whereas GPS Devices Can Be Lost or Removed.


Is the Microchipping Procedure Painful for My Pet?

The Microchipping Procedure is Quick and Similar to a Routine Vaccination, Causing Minimal Discomfort.


How Long Does It Take to Microchip My Pet?

The Microchipping Process Takes Just a Few Minutes. After the Procedure, We’ll Complete the Registration Process For You in Our Database to Ensure Your Pet’s Information is Recorded. It Takes a Few More Minutes to Take a Photo of Your Pet and Issue a Certificate of Identification. As For The Photo of Your Pet, You Could Also Send Us the Photo which You Wish To Display on Our Registered Pet Microchip IDs Page.


Will My Pet Always Be Identified by the Microchip?

Yes, As Long As the Microchip is Registered with Accurate and Updated Owner Information, it Will Provide a Reliable Means of Identification for Your Pet. If Any Information Regarding The Owner or Responsible Person Change, Do Contact Us To Update The Details.


What Should I Do If I Move or Change My Contact Information?

If You Change Your Address, Email or Phone Number, Make Sure To Contact Us To Update The Details to Ensure You Can Be Reached If Your Pet is Found.


Can I Microchip an Older Pet?

Yes, Pets of All Ages Can Be Microchipped. It’s a Great Way to Ensure That Older Pets Have A Reliable Form of Identification.


What if My Pet is Lost and Has a Microchip?

If Your Pet is Lost and Found, a Veterinarian or Animal Shelter Will Scan the Microchip and Search for the ID Number on Our Website or Through Internet Search Engines. They can Retrieve Your Pet’s Information, and Once They Contact Us About Your Lost Pet, We Will Promptly Reach Out to You Using the Information We Have On File to Help Reunite You With Your Pet. Please Note That We Do Not Provide Third-Party Access To Our Patients’ or Owners’ Information for Confidentiality Reasons. The Owner’s Information is Safe With Us and is Not Publicly Shared Unless The Owner Requests It.


Do I Need to Have a Collar and Tag If My Pet is Microchipped?

While a Microchip Provides a Permanent Form of Identification, It’s Still a Good Idea to Have a Collar with an ID Tag. This Way, Anyone Who Finds Your Pet Can Quickly Identify Them and Contact You.


How Often Should I Check My Pet’s Microchip?

It’s a Good Idea to Have Your Pet’s Microchip Scanned During Regular Vet Visits to Ensure it is Functioning Properly and to Verify Your Contact Information is Up-To-Date.


Can Microchips Be Removed?

Microchips Are Designed To Be Permanent and Are Not Meant To Be Removed. They Are Implanted Under The Skin and Cannot Be Removed Without Surgical Intervention.


Is Microchipping Required For Travel?

Many Countries Require Microchipping As Part of Pet Travel Requirements. Check With Your Destination’s Guidelines.


တိရစ္ဆာန် ခရီးသွားလာရေးဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာများ

ဘာလို့ ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံစာ လိုတာလဲ?

ကျန်းမာရေး ကောင်းမွန်ကြောင်း ထောက်ခံချက်ဟာ သင့်တိ-လေး ခရီးသွားလာဖို့ ကျန်းကျန်းမာမာရှိနေပြီး တစ်ဖက် ဒေသရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် ကျန်းမာရေးကောင်းမွန်နေကြောင်း ထောက်ခံပေးတာပါ။


ခရီးမသွားခင် ဘယ်လောက်လောက် ကြိုပြီး ကျန်းမာရေးထောက်ခံစာ ရယူလို့ရမလဲ?

ကျွန်တော်တို့ဆေးခန်းမှ ကျန်းမာရေးထောက်ခံစာကို ခရီးမသွားခင် ၂ ပတ် အတွင်း ယူထားလို့ရပါတယ်။


တိ-လေးတွေကို ပြည်ပတင်ပို့ခွင့်လိုင်စင်ကို ဆေးခန်းမှာရနိုင်မလား?

မရနိုင်ပါ။ အစိုးရဋ္ဌာနကသာ ထုတ်ပေးခွင့်ရှိတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် စာရွက်စာတမ်းဟာ အစိုးရ LVBD ထံက တင်ပို့ခွင့် လိုင်စင် လျှောက်ထားတဲ့နေရာမှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။


နိုင်ငံအချို့ က စာရွက်စာတမ်း အပိုတွေ တောင်းလာနိုင်လား?

တောင်းနိုင်ပါတယ်။ နိုင်ငံပေါ်မူတည်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေမတူပါဘူး။ တစ်ချို့နိုင်ငံတွေဟာ ခွေးရူးကာကွယ်ဆေးထိုးထားကြောင်း Titer စစ်ဆေးမှု အဖြေပါ တောင်းတာမျိုးရှိပါတယ်။ သက်ဆိုင်ရာ နိုင်ငံနဲ့ သံရုံးတွေရဲ့ ဝက်ဘ်ဆိုက်တွေကို လေ့လာ၊ ဆက်သွယ် စုံစမ်း မေးမြန်းကြည့်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ဆေးခန်းကို ချိန်းဆိုလာရောက်တဲ့အခါမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကိုယ်သိတဲ့ အချက်အလက်တွေ တတ်နိုင်သမျှဖြည့်ကာ Print ထုတ်ပြီး ယူခဲ့ပေးပါ။


ခွေးရူးကာကွယ်ဆေး Titre စစ်ဆေးမှု က အချိန်ဘယ်လောက် ကြာမြင့်နိုင်ပါသလဲ?

ဒီလုပ်ငန်းစဉ်က နိုင်ငံခြားကို သွေးပို့ပြီး စစ်ဆေးဖို့လိုတဲ့အတွက် အဖြေပြန်ရဖို့ အချိန် ၂လခန့်အထိ ကြာမြင့်နိုင်ပါတယ်။ ကြိုတင် အစီအစဉ်ရေးဆွဲထားဖို့ လိုအပ်ပါလိမ့်မယ်။


သွားမယ့်နိုင်ငံက ထောက်ခံစာ တစ်ခုထက်ပိုတောင်တာမျိုးရှိနိုင်လား?

တစ်ချို့နိုင်ငံတွေဟာ တိရစ္ဆာန်ဆရာဝန်တဲ့ ထောက်ခံချက် နှစ်ခုထက်ပိုတောင်းလေ့ရှိပါတယ်။ အစိုးရ (LVBD) ဋ္ဌာနမှ တိရစ္ဆာန်ဆရာဝန်များရဲ့ ထောက်ခံမှုရော ပြင်ပ ဆေးရုံ၊ ဆေးခန်းမှ တိရစ္ဆာန်ဆရာဝန်များရဲ့ ထောက်ခံမှုပါ လိုအပ်တာမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ဆေးခန်းက လိုအပ်တဲ့ တိရစ္ဆာန်ဆရာဝန်ရဲ့ လက်မှတ်၊ ဆရာဝန် တံဆိပ်တုံး၊ ဆေးခန်း တံဆိပ်တုံးတွေကို ကျွန်တော်တို့ဘက်မှ ဆောင်ရွက်ပေးနိုင်ပါတယ်။


ကျန်းမာခြင်းနှင့် အဆင်ပြေစွာ နေထိုင်နိုင်မှု

ဘယ်လောက်တစ်ခါ တိ-လေးအတွက် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးသင့်သလဲ?

အနည်းဆုံး တစ်နှစ်တစ်ခါ စစ်ဆေးမှု ပြုလုပ်ပေးသင့်ပါတယ်။ အသက်ကြီးတဲ့ တိရစ္ဆာန်လေးတွေအတွက်ဆိုရင် အနည်းဆုံး တစ်နှစ် ၂ ကြိမ်ခန့် စစ်ဆေးမှု ပြုလုပ်ပေးသင့်ပါတယ်။


ကျွန်တော့်တိ-လေးအတွက် ကျန်းမာစေနိုင်မယ့် ခန္ဓာကိုယ် အလေးချိန်ရအောင် ဘယ်လို ထိန်းသိမ်းပေးရမလဲ?

ပုံမှန်လေ့ကျင့်ခန်း လုပ်ခိုင်းဖို့နဲ့ အာဟာရ သင့်တင့်မျှတတဲ့ အစားအစာတွေ ကျွေးဖို့က အဓိကကျပါတယ်။ သင့်တိ-လေးတွေရဲ့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ဖို့ နည်းလမ်းတွေကို ကျွန်တော်တို့ အကြံပေးနိုင်ပါတယ်။


ဘယ်အရွယ်က ကျွန်တော့်တိ-လေးအတွက် သင်းဖို့ / သားကြောဖြတ်ဖို့ အသင့်တော်ဆုံး အရွယ်ဖြစ်မလဲ?

တိရစ္ဆာန် အမျိုးအစားနဲ့ မျိုးစိတ်ပေါ်လိုက်ပြီး အကောင်းဆုံးအရွယ် မတူညီကြပါဘူး။ ဒါပေမယ့် ယေဘုယျအနေနဲ့ပြောမယ်ဆိုရင် သင့် ခွေး၊ ကြောင်လေးများကို သင်းမယ် / သားကြောဖြတ်မယ်ဆိုရင် အသက် ၆ လ ကနေ ၁ နှစ်အတွင်း လုပ်သင့်ပါတယ်။ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်တွေက သင့် တိ-လေးတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဆွေးနွေးအကြံပြုပေးနိုင်ပါတယ်။


ကျွန်တော့်တိ-လေး တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားရှိနေအောင် ဘယ်လိုလုပ်ပေးရမလဲ?

ပုံမှန်လမ်းလျှောက်ထွက်ပေးခြင်း၊ ဆော့ကစားပေးခြင်း၊ အရုပ်များဖြင့် ဆော့ပေးခြင်းတွေဟာ သင့်တိ-လေးတွေကို ကိုယ်ရော စိတ်ပါ တက်ကြွလှုပ်ရှားစေပါတယ်။


အသက်ကြီးပြီဖြစ်တဲ့ တိရစ္ဆာန်လေးတွေအတွက် သီးခြားလေ့ကျင့်ခန်းမျိုး ရှိပါသလား?

ဟုတ်ကဲ့။ အသက်ကြီးတဲ့ တိ-လေးတွေဟာ ပိုမိုညင်သာတဲ့ လေ့ကျင့်ခန်းနဲ့ လှုပ်ရှားမှုတွေ လုပ်ပေးဖို့လိုပါတယ်။ မကြာခဏ ခပ်စိတ်စိတ် လမ်းလျှောက်ထွက်ပေးခြင်း၊ ငြင်သာတဲ့ ဆော့ကစားပေးခြင်းတွေဟာ သူတို့အတွက် အကျိုးရှိစေပါတယ်။


ကျွန်တော့်တိ-လေး ဝိတ်အလွန်အကျွံတက်နေရင် ဘာလုပ်ပေးလို့ရမလဲ?

ကျွန်တော်တို့ တိရစ္ဆာန်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။တိ-လေးတစ်ကောင်စီတိုင်းအတွက် ကိုက်ညီမယ့် အစားအသောက် အစီအစဉ်ပြောင်းလဲဖို့နဲ့ ပိုပြီး လေ့ကျင့်ခန်းလုပ်နိုင်ဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။


ကျွန်တော့်တိ-လေး ဓာတ်မတည့်တာမျိုး ရှိနိုင်လား? ဘာတွေ ကြည့်ဖို့ စောင့်ရှောက်ဖို့ လိုပါသလဲ?

ဟုတ်ကဲ့၊ တိ-လေးတွေမှာလည်း ဓာတ်မတည့်ခြင်း ရှိနိုင်ပါတယ်။ ယားခြင်း၊ ကုတ်နေခြင်း၊ နီမြန်းခြင်း၊ အမွှေးကို လိုသည်ထက် ပိုလျက်နေခြင်း၊ ဝမ်းဗိုက်ပြဿနာများ ဖြစ်ပေါ်ခြင်း စတာတွေဟာ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေတွေ့ပြီဆိုရင် ကျွန်တော်တို့နဲ့ဆက်သွယ်မေးမြန်း တိုင်ပင်လို့ ရပါတယ်။


ကျွန်တော့်တိ-လေး အစာမစားရင် ဘာလုပ်ပေးသင့်လဲ?

ခံတွင်းပျက်ခြင်း၊ အစာမစားခြင်းဟာ ကျန်းမာရေးပြဿနာ တစ်ခုခုကို ဖော်ပြတဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ သင့်တိ-လေး ၂၄ နာရီထက်ပိုပြီး အစာမစား၊ အစားအသောက်ပျက်နေမယ်ဆိုရင် ကျွန်တော်တို့ဆေးခန်းကို ဆက်သွယ်ပြီး ကျန်းမာရေး စစ်ဆေးဖို့ ချိန်းဆို လိုက်ပါ။


တိ-လေးများအတွက် အစာအာဟာရ

ကျွန်တော့် တိ-လေးအတွက် အကောင်းဆုံး အစာက ဘာဖြစ်မလဲ?

တိ-လေးတွေရဲ့ အမျိုးအစား၊ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတွေပေါ်မှာမူတည်ပြီး အကောင်းဆုံး အစားအစာ ရွေးချယ်ပေးဖို့လိုပါတယ်။ သင့် တိ-လေးရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အရည်အသွေးမြင့် ဝယ်ယူကျွေးနိုင်သော အစားအစာများ ဒါမှမဟုတ် အထူးပြုလုပ်ရန်လိုအပ်တဲ့ အစားအစာ တွေကို ဘယ်လိုကျွေးရမလဲ ကျွန်တော်တို့က ညွှန်ပြပေးနိုင်ပါတယ်။


တိ-လေးတွေကိ အစာဘယ်လောက်ကျွေးရမလဲ?

တိ-လေးတွေကို ကျွေးရမယ့် အစာပမာဏဟာ သင့် တိ-လေးတွေရဲ့ အရွယ်အစား၊ အသက်အရွယ်နဲ့ လှုပ်ရှားနေထိုင်မှု အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့နဲ့ တိုင်ပင်ဆွေးနွေးတဲ့အခါမှာ ကျွေးသင့်တဲ့ မှန်ကန်တဲ့ ပမာဏကို အကြံပေးသွားမှာ ဖြစ်ပါတယ်။


လူတွေ စားတဲ့ အစားအစာက တိ-လေးတွေအတွက် ဘေးကင်းရဲ့လား?

လူတွေစားတဲ့ အစားအစာ အချို့ကသာ တိ-လေးတွေအတွက် ဘေးကင်းပါတယ်။ ဥပမာ – ဘာမှမထည့်ဘဲချက်ထားတဲ့ ကြက်သား၊ မုန်လာဥနီနဲ့ အသီးအချို့သာ တိ-လေးတွေအတွက် ဘေးကင်းတာပါ။ ဒါပေမယ့် လူတွေစားတဲ့ အစားအစာ အများစုက တိ-လေးတွေအတွက် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့အတွက် မကျွေးခင် ကျွန်တော်တို့နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အလွန်အရေးကြီးပါတယ်။


ကျွန်တော်တို့ တိ-လေးတွေကို အသားစိမ်း ကျွေးသင့်သလား?

အချို့ တိ-ပိုင်ရှင်တွေဟာ တိ-လေးတွေကို အသားစိမ်းကျွေးလေ့ရှိပါတယ်။ ဒီလိုကျွေးခြင်းက ကောင်းကျိုးအချို့ရှိသလို အန္တရာယ်တော့ မကင်းလှပါဘူး။ ဥပမာ – ဘက်တီးရီးယား ပိုးမွှားများနဲ့ ထိတွေ့ခြင်း၊ အာဟာရ မျှတမှု မရှိခြင်း။ ဒီ့ထက်ပိုကောင်းပြီး အန္တရာယ်ပိုကင်းတဲ့ အာဟာရ ပိုမိုမျှတနိုင်တဲ့ အစားအစာတွေ ကျွေးဖို့ ကျွန်တော်တို့ ပိုအားသာပြီး အကြံပြုလေ့ရှိပါတယ်။ သင့် တိ-လေးတွေရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်။


ကျွန်တော်တို့ တိ-လေးတွေအတွက် အစေ့အဆံမပါတဲ့ အစာကို ကျွေးဖို့လိုအပ်ပါသလား?

တိ-အားလုံးအတွက် အစေ့အဆံ မပါတဲ့ အစာကို သီးသန့်ကျွေးဖို့ မလိုအပ်ပါ။ အချို့ တိ-လေးများအတွက် အစေ့အဆံပါခြင်းက ပိုပြီး အကျိုးဖြစ်စေတာမျိုး ရှိပါတယ်။ အကောင်းဆုံး အစားအစာ ကို သင့်တိ-လေးတွေအတွက် ကျွန်တော်တို့က ကူညီပြီး ရွေးပေးနိုင်ပါတယ်။


အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ

ကျွန်တော့် တိ-လေး သောကရောက်နေတာကို ဘယ်လိုကူညီပေးရင်ရမလဲ?

အပြုအမူပြောင်းလဲပေးခြင်း၊ ပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနဲ့ အချို့အခြေအနေတွေမှာ ဆေးပေးခြင်းဖြင့် တိ-လေးတွေရဲ့ သောကကို သက်သာ လျော့ပါးအောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။


ကျွန်တော့်တိ-လေး အလွန်အမင်း ဟောင်ခြင်း၊ ဒါမှမဟုတ် တမြောင်မြောင် အော်နေတာ ပုံမှန်ပဲလား?

အသံပြုခြင်း အချို့ဟာ ပုံမှန်ဖြစ်ပေမယ့်လည်း အလွန်အမင်းဟောင်ခြင်း၊ တမြောင်မြောင်အော်ခြင်းတွေဟာ စိတ်ဖိစီးမှု ဒါမှမဟုတ် အခြားပြဿနာတွေကို ဖော်ပြတာမျိုး ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နဲ့ တိုင်ပင်ဆွေးနွေး အကြံပြုချက် ရယူလိုက်ပါ။


တိ-လေးတွေမှာ စိတ်ဖိစီးမှုဖြစ်ရင် ဘာလက္ခဏာတွေ ပြလေ့ရှိလဲ?

အလွန်အမင်း အမွှေးလျှက်ခြင်း၊ ချောင်ကျသည့်နေရာတွင် ပုန်းခြင်း၊ စားသောက်မှုပုံစံပြောင်းသွားခြင်း၊ ရန်လိုခြင်း စတဲ့ လက္ခဏာတွေက တိ-လေးတွေ စိတ်ဖိစီးမှုဖြစ်ရင် လုပ်တတ်ကြတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေတွေ့ခဲ့လို့ရှိရင် ကျွန်တော်တို့ ဆေးခန်းနဲ့ ဆက်သွယ်ပြီး အကြံပေးချက် ရယူနိုင်ပါတယ်။


ကျွန်တော့်တိ-လေး မကိုက်တတ်အောင် သင်ပေးလို့ရလား?

သင်ပေးလို့ရနိုင်ပါတယ်။ သေချာ စနစ်တကျ သင်ကြားပေးရင် ကိုက်တတ်တဲ့ အပြုအမူကို မလုပ်အောင် ကာကွယ်လို့ရပါတယ်။ ကျွမ်းကျင်လက်မှတ်ရ လေ့ကျင့် သင်ကြားပေးသူတွေကို ညွှန်းပေးလို့ ဒါမှမဟုတ်လဲ အကြံပြုချက်တွေ ပေးပေးနိုင်ပါတယ်။


တိ-လေးတွေနဲ့ ခရီးသွားခြင်းဆိုင်ရာ အကြံပြုချက်များ

ကျွန်တော့်တိ-လေးနဲ့ ခရီးသွားဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲ?

သင့်တိ-လေး လိုအပ်တဲ့ ကာကွယ်ဆေးအကုန် ထိုးပြီး Up-To-Date ဖြစ်နေကြောင်း သေချာအောင်လုပ်ပါ။ မိုက်ခရိုချစ်ပ် ထည့်သွင်းထားကြောင်း သေချာပါစေ။ ခရီးသွားလာဖို့အတွက် ကျန်းမာရေးထောက်ခံစာနဲ့ လိုအပ်တဲ့ Import / Export စာရွက်စာတမ်း အကုန်အစုံ ရှိမရှိ စစ်ဆေးပါ။ လေကြောင်းလိုင်းနဲ့ ခရီးသွားမယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေ သေချာ စစ်ဆေးထားပြီး သူတို့လေးတွေအတွက် အစားအစာ၊ ရေ၊ လိုအပ်မယ့် ဆေးဝါးနဲ့ သက်တောင့်သက်သာရှိစေမယ့် အရာများကို ပြင်ဆင်ထားပေးပါ။


ကျွန်တော့်ရဲ့တိ-လေး ခရီးသွားတဲ့အခါ စိတ်ဖိစီးမှု မများစေဖို့ ဘာလုပ်ပေးရမလဲ?

ခရီးမသွားခင်ကြိုတင်ပြီး တိ-လေးတွေကို ကားနဲ့ပတ်မောင်းခေါ်သွားတာ မျိုးလေးတွေ လုပ်ပြီး ကျင့်ပေးပါ။ သူတို့ အကြိုက်ဆုံး အရုပ်လေးတွေနဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် စောင်မျိုးကို ခရီးသွားတဲ့အခါ ယူသွားပေးပါ။


ကျွန်တော့်ရဲ့ တိ-လေးတွေကို လေယာဉ် Cabin ခန်းထဲက သယ်သွားလို့ရနိုင်မလား?

လေယာဉ်လိုင်းအချို့က တိ-ငယ်လေးတွေကို လေယာဉ် Cabin ခန်းထဲက ပေးသယ်လေ့ရှိပါတယ်။ လေကြောင်းလိုင်းရဲ့ လိုအပ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေ့လာဖို့လိုပါမယ်။ လေကြောင်းလိုင်းတွေကို ကြိုတင်ဆက်သွယ် မေးမြန်းသင့်ပါတယ်။


ကျွန်တော့် တိ-လေး ခရီးသွားနေရင်း နေထိုင်မကောင်း ဖြစ်နေတယ်။ ဘာလုပ်သင့်သလဲ?

ခရီးသွားစဉ် သင့်တိ-လေး နေထိုင်မကောင်း ဖြစ်ပါက ရောက်ရှိနေတဲ့ ဒေသမှာရှိတဲ့ တိရစ္ဆာန်ဆရာဝန်နဲ့ အမြန်ဆုံး ပြသစေလိုပါတယ်။


အရေးပေါ်အခြေအနေများ

ကျွန်တော့်တိ-လေး ဒဏ်ရာ အနာတရ ရသွားပြီ၊ ဘာလုပ်ရမလဲ?

စိတ်အေးအေးထားပြီး သင့်တိ-လေးကို ငြိမ်အောင် ထိန်းထားပေးပါ။ ပြီးရင် ကျွန်တော်တို့ဆေးခန်းကို ချက်ချင်း ဆက်သွယ်ပါ။ ဒါမှမဟုတ် နီးစပ်ရာ အရေးပေါ် တိရစ္ဆာန်ဆေးကုခန်း သို့မဟုတ် ဆေးရုံကို ခေါ်သွားပေးပါ။


တိ-လေးတွေအတွက် အရေးပေါ်အခြေအနေမှာ ပြလေ့ရှိတဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်နိုင်မလဲ?

အသက်ရှုရ ခက်ခဲ့ခြင်း၊ သွေးအလွန်အကျွံထွက်ခြင်း၊ တက်ခြင်း၊ ဆိုးရွားစွာအန်ခြင်း ဒါမှမဟုတ် နာကျင်နေမှု ဝေဒနာ လက္ခဏာများ ပြသခြင်းတွေဟာ တိ-လေးတွေအတွက် အရေးပေါ်အခြေအနေမှာ ပြလေ့ရှိတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သင့်တိ-လေးဟာ ဒီလက္ခဏာတွေ ပြသနေပြီဆိုရင် အမြန်ဆုံး ဆေးခန်းပြသ ကျွမ်းကျင်သူများနဲ့ တိုင်ပင် အကူအညီ ရယူသင့်ပါတယ်။


အခြားဝန်ဆောင်မှုများ

ဆေးခန်းမှာ Grooming ဝန်ဆောင်မှု ရှိပါသလား?

အလှအပရေးရာအတွက် Grooming ဝန်ဆောင်မှုကို ကျွန်တော်တို့ဆီမှာ လတ်တလော မရယူနိုင်သေးပါ။ သို့သော် သင့် တိ-လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်မယ့် Grooming ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ ဥပမာ – အရေပြားရောဂါကုသဖို့၊ ဒါမှမဟုတ် ရောဂါကာကွယ်ဖို့ တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် Grooming ဝန်ဆောင်မှုစတာမျိုးကို ရယူနိုင်ပါတယ်။ ပုံမှန် Grooming ဝန်ဆောင်မှုအတွက် အခြားစိတ်ချရတဲ့ ဝန်ဆောင်မှုပေးသူတွေကို ကျွန်တော်တို့က ညွှန်းပေးလို့ရပါတယ်။


အိမ်မွေးတိရစ္ဆာန် ရွေးချယ် မွေးမြူခြင်းတွက် ကျွန်တော်တို့ကို အကြံဉာဏ်ပေးလို့ရမလား?

ဟုတ်ကဲ့၊ ကျွန်တော်တို့ဟာ အိမ်မွေးတိရစ္ဆာန် ရွေးချယ်မွေးမြူခြင်းအတွက် အချက်အလက်များ၊ ဆောင်းပါးများ မျှဝေပေးထားသလို သင့်ကိုလည်း သင်နဲ့သင့်မိသားစုအတွက် ကိုက်ညီမယ့် အိမ်မွေးတိရစ္ဆာန်လေး ရွေးချယ်မွေးမြူသင့်သလဲဆိုတာကို အကြံပြုချက်တွေ ပေးလို့လည်း ရပါတယ်။


နိဂုံးချုပ် မေးခွန်းများ

ဆေးခန်းလာပြပြီးနောက် မေးလိုတဲ့ မေးခွန်းထပ်ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ?

အချိန်မရွေး ကျွန်တော်တို့ထံ ဆက်သွယ်ပြီး သိရှိလိုသည့် မေးခွန်းများ ကို မေးမြန်းနိုင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ က အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။


ဆေးခန်းမှာ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သုံးသပ်ချက် ပေးလို့ရနိုင်မလား?

ဟုတ်ကဲ့။ အခုလို အချိန်ပေးပြီး သုံးသပ်ချက်ရေးပေးလို့ ကျေးဇူးတင်ပါတယ်။ အပြုသဘောဆောင် ဆွေးနွေးချက်တွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ သင်တို့ရဲ့ အထင်အမြင်ကို လူကိုယ်တိုင်တွေ့ပြီးဖြစ်စေ၊ အွန်လိုင်းပေါ်တွင် သုံးသပ်ချက်ရေးပြီးဖြစ်စေ၊ ကျွန်တော်တို့ထံ အီးမေးလ်ပေးပို့၍ ဖြစ်စေ၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ ဆက်သွယ်ရန်ဖောင် ကို အသုံးပြု၍ သုံးသပ်ချက်ရေးသား ပေးပို့နိုင်ပါတယ်။ ဒါ့အပြင်ကျွန်တော်တို့ရဲ့ ဖေ့စ်ဘုတ်ခ် စာမျက်နှာ မှာလည်း သုံးသပ်ချက် ပေးနိုင်ပါတယ်။