ကျွန်ုပ်တို့၏ ရည်မှန်းချက်
ပြည်တိရစ္ဆာန်ဆေးကုခန်းရဲ့ ရည်မှန်းချက်ကတော့ ရိုးရှင်းပါတယ် – “ အိမ်မွေးတိရစ္ဆာန်တိုင်းအတွက် ကျွမ်းကျင်ပြီး ကြင်နာမှုရှိတဲ့ စောင့်ရှောက်ဝန်ဆောင်မှုတွေ ပေးဖို့ပါ”
ကျွန်တော်တို့က အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ၎င်းတို့ရဲ့ အုပ်ထိန်းသူ မိဘ၊ ပိုင်ရှိတို့ရဲ့ ဘဝကို ပိုမိုကောင်းမွန်မှုရှိလာအောင် ကြင်နာမှု၊ ရိုးသားမှုနဲ့ ကျွမ်းကျင်မှုတွေကိုပေါင်းစပ် အခြေခံပြီး ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တိုင်းကို မိမိတို့ရဲ့ မိသားစုဝင်တစ်ယောက်လို သဘောထားပြီး သူတို့ရဲ့ ကျန်းမာပျော်ရွှင်မှုကို အလေးပေး ဂရုစိုက်မှုတွေ ပြုလုပ်ပေးပါတယ်။ တိရစ္ဆာန်ကြီးငယ်မရွေး အကောင်းဆုံး စောင့်ရှောက်မှုပေးပါတယ်။
တိ-လေးတွေ ဆေးခန်းကို လာပြတဲ့အခါ တိ-လေးတွေရော ၎င်းတို့ရဲ့ ပိုင်ရှင်မိဘတွေပါ စိတ်ဖိစီးမှု များတတ်တဲ့ သဘာဝရှိပါတယ်။ အဲ့အတွက် ကျွန်တော်တို့ဟာ လုံခြုံပြီး သက်တောင့် သက်သာ ဖြစ်စေမယ့်ပတ်ဝန်းကျင် ဖြစ်စေရေး ကြိုးစားဖန်တီးပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ အတွေ့အကြုံရင့် တိရစ္ဆာန်ဆေးကုဆရာဝန်များဟာလည်း ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေတဲ့ ဆေးပညာတွေကို အစဉ်မပြတ် လေ့လာဆည်းပူးနေလျက်ရှိပါတယ်။ ဒါဟာ တိ-လေးတွေအတွက် အကောင်းမွန်ဆုံး၊ ခေတ်နဲ့အညီဆုံး၊ အထိရောက်ဆုံး ကုသမှုတွေ ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။
ကျွန်ုပ်တို့၏ အမြုတေတန်ဖိုးများ
ကြင်နာသော စောင့်ရှောက်မှုနှင့် ရိုးသားမှု
ကျွန်တော်တို့ ပြည်တိရစ္ဆာန်ဆေးကုခန်းမှာဆိုရင် အိမ်မွေးတိရစ္ဆာန်လေးတွေကို ကိုယ့်မိသားစုဝင်လို သဘောထားပြီး ဂရုစိုက် စောင့်ရှောက်ပေးပါတယ်။ ဆေးကုသ ဝန်ဆောင်မှု ပေးရာမှာလည်း ကြင်နာစိတ်နဲ့ ကိုယ်ချင်းစာစိတ်ကို ထားပြီး တိ-လေးတွေ သက်တောင့်သက်တာရှိစေဖို့ အမြဲဂရုစိုက် စောင့်ရှောက်ပါတယ်။ ရောဂါရှာဖွေတာကနေ ကုသမှုအထိ ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ ဝန်ဆောင်မှုများပေးနေလျက်ရှိပါတယ်။
အရည်အသွေးမြင့် တိရစ္ဆာန်ဆေးကုသမှု
အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိတဲ့ ကျွမ်းကျင်ဆရာဝန်တွေ၊ ဝန်ထမ်းတွေနဲ့ အကောင်းဆုံး ဆေးကုသ ဝန်ဆောင်မှုတွေပေးနေပါတယ်။ ခေတ်မီ ဆေးပညာရပ်နဲ့ နည်းစနစ်တွေကို အသုံးပြုပြီး ကြိုတင်ကာကွယ်ရေး ဝန်ဆောင်မှုကစလို့ အဆင့်မြင့် ခွဲစိတ်ကုသရမှုတွေအထိ ဆောင်ရွက်ပေးနေပါတယ်။ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဆေးကုသဝန်ဆောင်မှုတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ပိုမိုကောင်းမွန်တဲ့ တိရစ္ဆာန်ဆေးကုသမှုနဲ့ ဝန်ဆောင်မှုတွေပေးနိုင်အောင် အမြဲကြိုးစားနေလျက် ရှိပါတယ်။
ယုံကြည်မှုနဲ့ လူထုဆက်ဆံရေး
ကျွန်တော်တို့ဟာ မိမိတို့ရဲ့ဖောက်သည်တွေနဲ့ ကောင်းမွန်ယုံကြည်ရတဲ့ ဆက်ဆံရေးရှိဖို့ အရေးကြီးတယ်လို့ လက်ခံထားပါတယ်။ အဲ့အတွက် သင့်အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေး အခြေအနေအကြောင်းတွေကို အမြဲတမ်း ရှင်းလင်းစွာ ပြောပြပြီး၊ သင့်အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် ကျွန်တော်တို့က ကူညီပေးနေပါတယ်။ ရပ်ရွာထဲမှာလည်း ကျွန်တော်တို့က ယုံကြည်မှုတွေကို တည်ဆောက်ပြီး အိမ်မွေးတိရစ္ဆာန်တွေအတွက် အသိပညာပေးရေး လုပ်ငန်းတွေကို အမြဲလုပ်ဆောင်လျက် ရှိပါတယ်။