ပြည်တိရစ္ဆာန်ဆေးကုခန်းရဲ့ ဝန်ဆောင်မှုများ
ပြည်တိရစ္ဆာန်ဆေးကုခန်းက သင့်တိ-လေးတွေ အစဉ်ကျန်းမာပျော်ရွှင်နေနိုင်စေဖို့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေမှာ ကာကွယ်ဆေးထိုးပေးခြင်း၊ ပုံမှန် ကျန်းမာရေး စစ်ဆေးခြင်း၊ မိုက်ခရိုချစ်ပ် ထည့်သွင်းပေးခြင်း၊ ကပ်ပါးကောင် (နှလုံးသံကောင်၊ သန်း၊ မွှားစသည့် ကပ်ပါးပိုးမွှားများ အပါ) ကာကွယ်ခြင်း စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။ နားရွက်အတွင်း ရောဂါပိုး / ကပ်ပါးကောင် ရှိ/မရှိ စစ်ဆေးပေးခြင်း၊ နှလုံးနှင့် အသည်း၏ လုပ်ဆောင်ချက် ကောင်းမွန်မှု ရှိ/မရှိ အကဲဖြတ် စစ်ဆေးခြင်းများကိုလည်း ပြုလုပ်ပေးနေပါတယ်။ သင်းခြင်း၊ သားကြောဖြတ်ခြင်းအပါအဝင် အခြားခွဲစိတ်ကုသရမှုအားလုံး (မခွဲခင်၊ ခွဲနေစဉ်နှင့် ခွဲစိတ်ပြီး ကုသစောင့်ရှောက်မှုများ) အတွက်လည်း ဝန်ဆောင်မှုပေးနေပါတယ်။ ပုံမှန် ခွဲစိတ် ကုသမှုတွေအပြင် အရေးပေါ်ခွဲစိတ်ကုသမှုမျိုးတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ သွားနှင့်ခံတွင်း သန့်ရှင်းရေးနှင့် ကုသရေးဆိုင်ရာဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်တွေဟာ သင်မေးမြန်းလိုတဲ့ မေးခွန်းတွေအတွက် ကျွမ်းကျင်မှုအပေါ်အခြေခံပြီး ပညာရှင်ဆန်တဲ့ ကျန်းမာရေး အကြံပြုချက်တွေကိုပေးနိုင်ကာ သင်တို့နဲ့ ဆွေးနွေးတိုင်ပင်ပေးဖို့ အသင့်ရှိနေပါတယ်။ သင်တို့ရဲ့ တိ-လေးက ပုံမှန်ကုသမှုမျိုး လိုတာပဲဖြစ်ဖြစ် အထူးကုသမှုမျိုး လိုတာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဆရာဝန်တွေဟာ ကူညီပေးနိုင်ပါတယ်။
ကြိုတင်ကာကွယ်မှုနှင့် ကာကွယ်ဆေးများ
ရောဂါရှာဖွေခြင်းနှင့် ကုသမှု
သင့် တိ-လေး ကျန်းမာရေးကောင်းပြီး အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ပုံမှန် ကျမ်းမာရေး စမ်းစစ်မှုများ၊ ကာကွယ်ဆေးထိုးမှုများနှင့် ကပ်ပါးပိုးမွှားများ ထိန်းချုပ်မှုများ
ကျယ်ပြန့်လှတဲ့ တိ-ကျန်းမာရေး ပြဿနာတွေ ရှာဖွေ ဖော်ထုတ် ကုသနိုင်ဖို့ အလုံးစုံ ကျန်းမာရေး ဆေးစစ်မှုများ၊ ရောဂါရှာဖွေမှုများနဲ့ ဖြစ်ပွားသည့် ရောဂါ အလိုက် ကုသမှု အစီအစဉ်များ
ဆွေးနွေးတိုင်ပင်ခြင်းနှင့် အကြံပေးခြင်း
ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်များ
သင့် တိ-လေးတွေရဲ့ ကျန်းမာရေး၊ ဒါမှမဟုတ် လုပ်တတ်တဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး သင်စိုးရိမ်နေတာတွေကို ဆွေးနွေး တိုင်ပင်ကာ ပညာရှင်ဆန်တဲ့ အကြံပြုချက်တွေ ရယူနိုင်မှု
ပုံမှန် သားကြောဖြတ်တာကစလို့ အရေးပေါ်ခွဲစိတ်မှုတွေအထိ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်ဆရာဝန်များက ခွဲစိတ်ကုသမှု မတိုင်ခင်၊ ခွဲစိတ် ကုသနေစဉ်နဲ့ ခွဲစိတ် ကုသအပြီးမှာပါ အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
သွားကျန်းမာရေး စောင့်ရှောက်မှု
မိုက်ခရိုချစ်ပ်ထည့်ခြင်းနှင့် မှတ်ပုံတင်ခြင်း
သင့် တိ-လေးတွေရဲ့ သွားနဲ့ သွားဖုံး ကျန်းမာနေစေဖို့ ကျောက်ခြစ် သန့်ရှင်းပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ ကုသပေးခြင်း အပါအဝင် တိ-သွားဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူလိုက်ပါ။
သင့်တိ-လေးတွေ ပျောက်ဆုံးသွားပါက ပြန်လည်ရှာတွေ့နိုင်ခွင့်ကို ဖော်ဆောင်ပေးနိုင်မယ့် မိုက်ခရိုချစ်ပ်ထည့်ခြင်းနဲ့ မှတ်ပုံတင်ခြင်းကို သင့်တိ-လေး ဘေးကင်းစေဖို့ ကြိုတင်ပြီး ဝန်ဆောင်မှု ရယူထားလိုက်ပါ။
ခရီးသွားလာမှုဆိုင်ရာ ကျန်းမာရေးထောက်ခံချက်
ပြင်တွင်းနဲ့ နိုင်ငံတကာ ခရီးစဉ်များအတွက် အိမ်မွေးတိရစ္ဆာန် ခရီးသွားလာခြင်းနှင့် ပြောင်းရွှေ့ခြင်းဆိုင်ရာ ကျန်းမာရေးထောက်ခံချက် ဝန်ဆောင်မှုကို ရယူနိုင်ပါပြီ။
ဘာကြောင့် ပြည်တိရစ္ဆာန်ဆေးကုခန်းကို ရွေးချယ်သင့်လဲ?
- ယုံကြည်စိတ်ချရတဲ့ သမိုင်းကြောင်း – ၁၉၈၁ ခုနှစ်ကတည်းက လူထုကို ဝန်ဆောင်မှုပေးခဲ့တဲ့အတွက် တိရစ္ဆာန် ဆေးကုသရေးမှာ ယုံကြည်စိတ်ချရတဲ့ နာမည်တစ်ခု ဖြစ်လာခဲ့ပါတယ်။
- အတွေ့အကြုံများတဲ့ အဖွဲ့ – ကျွန်တော်တို့ရဲ့ တိရစ္ဆာန်ဆရာဝန်တွေဟာ နှစ်ပေါင်းများစွာက ရလာတဲ့ အတွေ့အကြုံတွေကို ခေတ်မီရောဂါရှာဖွေရေး ကိရိယာတွေနဲ့ ပေါင်းစပ်ပြီး ဘက်စုံကုသမှု ပေးနေပါတယ်။
- လူထုဗဟိုပြု စောင့်ရှောက်မှု – ရန်ကုန်ရှိ တိရစ္ဆာန်မွေးမြူသူများရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်မှုကို ဂုဏ်ယူပြီး၊ မျိုးဆက်နဲ့ချီကာကျွန်တော်တို့က အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ သူတို့ရဲ့မိသားစုတွေကို စောင့်ရှောက်ဝန်ဆောင်မှု ပေးနေပါတယ်။
ဆက်သွယ်ချိတ်ဆက်ရန်
ဝန်ဆောင်မှုများ အကြောင်း အသေးစိတ် အချက်အလက်ရယူဖို့၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ ဆက်သွယ်ရက်ချိန်းရယူဖို့ –
လိပ်စာ
#၄၇၁ စီ၊ ပြည်လမ်း၊ (၈)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ တက္ကသိုလ်စာတိုက်သေတ္တာအမှတ် – ၁၁၀၄၁
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
၀၉-၅၂၆-၂၃၁၃ ၊ ၀၉-၂၅၆၅-၁၀၆၇၀
အီးမေးလ်လိပ်စာများ
[email protected], [email protected]
ဆေးခန်းဖွင့်ချိန်
နေ့စဉ် (နံနက် ၉း၃၀ ~ နေ့လည် ၁၂း၃၀)