ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ
ပြည်တိရစ္ဆာန်ဆေးကုခန်းကို ၁၉၈၁ ခုနှစ်ကစတင် တည်ထောင်ခဲ့ပြီး လူအများရဲ့ ယုံကြည်စိတ်ချအားထားမှုကိုခံရတဲ့ တိရစ္ဆာန်ဆေးကုခန်းတစ်ခုအဖြစ် ရပ်တည်နေခဲ့တာပါ။ ကျွန်တော်တို့က ပြည်သူလူထုနဲ့ ၎င်းတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးအတွက် အမြဲ ရှေ့တန်းတင် ဆောင်ရွက်ပေးနေတဲ့ တိရစ္ဆာန်ဆေးကုခန်းတစ်ခုလည်း ဖြစ်ပါတယ်။
လေးစားထိုက်တဲ့ တိရစ္ဆာန်ဆရာဝန်ကြီးများဖြစ်တဲ့ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာခိုင်ဦးမာတို့ရဲ့ လမ်းညွှန်မှုအောက်မှာ ဒေါက်တာအေးအေးခိုင်က ပြည်တိရစ္ဆာန်ဆေးကုခန်းကို တည်ထောင် ဦးဆောင်ခဲ့ကာ နှစ်ပေါင်း ၄၀ ကျော် ပြည်သူလူထုနဲ့ ၎င်းတို့ရဲ့ တိ-လေးတွေကို ဝန်ဆောင်မှုတွေ ပေးနေခဲ့ခြင်းဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ အဖွဲ့က အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် ကြင်နာပြီး အရည်အသွေးမြင့်တဲ့ စောင့်ရှောက်မှုပေးဖို့ အမြဲကြိုးစားနေပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ ဆေးခန်းကနေ လေ့ကျင့်သင်ကြားပေးလိုက်တဲ့ တိရစ္ဆာန်ဆရာဝန်တွေဟာလည်း ယခုအခါမှာ သူတို့ကိုယ်ပိုင် တိရစ္ဆာန် ဆေးကုခန်းတွေ ဖွင့်လှစ်နေနိုင်ခဲ့ကြပြီး အရည်အသွေးမြင့် ဝန်ဆောင်မှုတွေ ဆက်လက်ပေးနိုင်နေကြပါပြီ။
ကျယ်ပြန့်တဲ့ အတွေ့အကြုံတွေနဲ့ ခေတ်မီ တိရစ္ဆာန်ဆေးပညာရဲ့ ရှေ့တန်းမှာ အမြဲရှိနေဖို့ ကတိပြုထားတဲ့အတွက် ကျွန်တော်တို့အဖွဲ့က အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်စီတိုင်းအတွက် အထူးအာရုံစိုက်ဂရုပြုပြီး ကုသစောင့်ရှောက်မှုတွေ ပေးပါတယ်။
ဒေါက်တာ အေးအေးခိုင်, B.V.S (Ygn), D.F.T
တိရစ္ဆာန် ခွဲစိတ်ကုသ ဆရာဝန်ကြီး
ဆေးကု အတွေ့အကြုံ နှစ် ၄၀ ကျော် ရှိပြီဖြစ်တဲ့ ဒေါက်တာအေးအေးခိုင်ဟာ ပြည်တိရစ္ဆာန်ဆေးကုခန်းရဲ့ အသည်းနှလုံးလို့ကို ဆိုနိုင်ပါတယ်။ သူမဟာ မြန်မာနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် (ယခု အမည် – မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) ကနေ တိရစ္ဆာန်ဆေးပညာဘွဲ့ (B.V.S) ကိုရရှိထားပြီး အစားအစာနည်းပညာနှင့် အာဟာရ ဒီပလိုမာဘွဲ့ (D.F.T) ကိုပါ ရရှိထား ပါတယ်။ ဒေါက်တာအေးအေးခိုင်ဟာ ရောဂါကြိုတင်ကာကွယ်ရေး၊ ခွဲစိတ်ကုသမှုနဲ့ အာဟာရပညာတွေမှာ ထူးချွန်ပြီး အိမ်မွေးတိရစ္ဆာန်တိုင်းရဲ့ ကျန်းမာရေးကို ဂရုစိုက် စောင့်ရှောက် ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
တိ-လေးတွေအပေါ် သိမ်မွေ့နက်ရှိုင်းတဲ့ ဂရုစိုက်မှုတွေ ပေးတတ်တဲ့ ဒေါက်တာ အေးအေးခိုင်ဟာ ကြင်နာတတ်ပြီး ကျွမ်းကျင်တဲ့ တိရစ္ဆာန် ဆေးကု ဆရာဝန်တစ်ယောက်အဖြစ် နာမည်ကောင်း ရရှိထားပါတယ်။ ရောဂါ ကြိုတင် ကာကွယ်ရေးကို အထူးအာရုံစိုက်ပေးလေ့ရှိတဲ့အတွက် ပုံမှန် စစ်ဆေးမှုတွေ၊ ကာကွယ်ဆေးထိုးတာတွေနဲ့ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းတွေကို ဦးစား ဆောင်ရွက်လေ့ရှိပါတယ်။ ဒေါက်တာအေးအေးခိုင်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရော စိတ်ပါလက်ပါ ဆောင်ရွက်ပေးမှုတွေဟာ အိမ်မွေးတိရစ္ဆာန်တိုင်းအတွက် သက်တောင့်သက်သာရှိတဲ့ ပြုစုစောင့်ရှောက်ပေးမှုကို ပေးစွမ်းနိုင်ပါတယ်။
ဒေါက်တာ သန်းအောင်ထိုက်, B.V.S (Ygn)
တွဲဖက် တိရစ္ဆာန် ခွဲစိတ်ကုသ ဆရာဝန်
၂၀၁၈ ခုနှစ်မှာ ပြည်တိရစ္ဆာန်ဆေးကုခန်းကို ဝင်ရောက်လာတဲ့ ဒေါက်တာသန်းအောင်ထိုက်ဟာ တိရစ္ဆာန်ကြီး-ငယ် နှစ်မျိုးစလုံးကို ကုသပေးနိုင်တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ မြန်မာနိုင်ငံ တိရစ္ဆာန် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ် (ယခု အမည် – မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်) က ဘွဲ့ရပြီးတဲ့နောက်ပိုင်း ကြက်၊ ဝက်၊ ဘဲ၊ မြင်း၊ မြည်း၊ လား၊ ဆိတ်၊ ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒီလိုမတူကွဲပြားတဲ့ နောက်ခံ လုပ်သက် အတွေ့အကြုံတွေကြောင့် သူဟာ တိရစ္ဆာန် ပြုစု စောင့်ရှောက်မှုတွေမှာ အခြေအနေ အမျိုးမျိုးနဲ့ လိုက်လျောညီထွေ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးနိုင်တဲ့ ကျွမ်းကျင် ဆရာဝန်တစ်ဦး ဖြစ်လာပါတယ်။
ယခုအခါ သူဟာ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ရောဂါရှာဖွေရေးမှာ ကျွမ်းကျင်စွာ လုပ်ကိုင်နေပြီး ကျွန်တော်တို့ဆေးခန်းရဲ့ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းကို ဦးစီး၍ ဆောင်ရွက် ပေးနေပါတယ်။ သွေး၊ ဝမ်း၊ ဆီး စမ်းသပ်စစ်ဆေးခြင်းနဲ့ အခြားသော ရောဂါရှာဖွေရေးစစ်ဆေးမှုတွေကို ကျွမ်းကျင်စွာ ဆောင်ရွက်ပေးနေပါတယ်။ ရောဂါကို စောလျှင်စွာရှာဖွေနိုင်တဲ့အတွက် တိ-လေးတွေဟာ အကောင်းဆုံး ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေကို ရယူနိုင်ကြပြီပဲ ဖြစ်ပါတယ်။
သူ့ရဲ့ တိ-လေးတွေကို အရည်အသွေးမြင့်စွာ စောင့်ရှောက်မှု ပေးလိုတဲ့ စိတ်ကြောင့် အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ရောဂါရှာဖွေရေးနဲ့ ကြိုတင်ကာကွယ်ရေး ကိစ္စရပ်တွေမှာ ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်ဆရာဝန်တစ်ဦး ဖြစ်လာပါတယ်။
ထိုက်အောင်ကျော်, M.E
ဒစ်ဂျစ်တယ်စနစ်များ ဖော်ဆောင်အသုံးပြုရေး အရာရှိ
အိုဆာကာတက္ကသိုလ် (ဂျပန်) ကနေ ကမ္ဘာလုံးဆိုင်ရာ ဗိသုကာပညာ အင်ဂျင်နီယာ မဟာဘွဲ့ရ ထိုက်အောင်ကျော်ဟာ ပြည်တိရစ္ဆာန်ဆေးကုခန်းရဲ့ ဒစ်ဂျစ်တယ်လုပ်ငန်းတွေကို ခေတ်နဲ့အညီဖြစ်အောင် ပြောင်းလဲပေးခဲ့ပါတယ်။ ဆေးခန်းရဲ့ လုပ်ငန်းစဉ်တွေကို ပိုချောမွေ့အောင်လုပ်ဆောင်ပေးပြီး ဖောက်သည်များနဲ့ ဆက်သွယ်ရေးကို ပိုမိုတိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ထိုက်အောင်ကျော်ဟာ ဆေးခန်းရဲ့ ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ယက်စာမျက်နှာတွေကို စီမံခန့်ခွဲပြီး ဖောက်သည်များကို နောက်ဆုံးရ သတင်းအချက်အလက်တွေ မျှဝေပေးနေပါတယ်။ ဒါ့အပြင် ပိုင်ရှင်နဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ မှတ်တမ်းတွေ၊ ဆေးကုသမှုမှတ်တမ်းတွေ၊ အိမ်မွေးတိရစ္ဆာန် မိုက်ခရိုချစ်ပ် မှတ်ပုံတင်စနစ်တွေ၊ ပစ္စည်းလက်ကျန်စာရင်းတွေကို ကြည့်ရှုထိန်းသိမ်းပြီး၊ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ထိန်းသိမ်းမှုအတွက် စီမံဆောင်ရွက်ပေးနေပါတယ်။
သူ့ရဲ့ ကျွမ်းကျင်မှုက ဆေးခန်းရဲ့ လုပ်ငန်းစဉ်တွေကို စနစ်ကျပြီး ထိရောက်အောင် လုပ်ဆောင်ပေးနိုင်တဲ့အတွက် တိရစ္ဆာန် ဆေးကုဆရာဝန်တွေအနေနဲ့ အိမ်မွေးတိရစ္ဆာန်တိုင်းကို အရည်အသွေးမြင့် စောင့်ရှောက်မှုပေးဖို့ ပိုပြီး အာရုံစိုက်နိုင်လာပါတယ်။
ထိုက်အောင်ကျော်ဟာ ပိုင်ရှင်နဲ့ တိ-လေးများရဲ့ အချက်အလက်တွေ၊ ဆေးကုသမှုမှတ်တမ်းတွေ၊ ဓာတ်ခွဲခန်းရလဒ်တွေနဲ့ အိမ်မွေးတိရစ္ဆာန် မိုက်ခရိုချစ် အချက်အလက်တွေ အပါအဝင် ဆေးခန်းရဲ့ ဒစ်ဂျစ်တယ်စနစ်တွေကို စီမံခန့်ခွဲပါတယ်။ တိရစ္ဆာန် ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး ဆေးကုသမှုလုပ်ငန်းစဉ်တွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သလို၊ လူမှုမီဒီယာကနေတစ်ဆင့်လည်း ဖောက်သည်များနဲ့ ထိတွေ့ဆက်ဆံရေးကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။ လုပ်ငန်းလည်ပတ်မှု အရည်အသွေးကို မြှင့်တင်ဖို့ စိတ်အားထက်သန်နေတဲ့ ထိုက်အောင်ကျော်ဟာ ပြည်တိရစ္ဆာန်ဆေးကုခန်းရဲ့ ဝန်ဆောင်မှုအရည်အသွေး တစ်ခုလုံးကို မြှင့်တင်ပေးပြီး၊ ဖောက်သည်များအတွက် စနစ်ကျတဲ့ အတွေ့အကြုံကောင်းတွေ ရရှိအောင် ကူညီဆောင်ရွက်ပေးနေပါတယ်။