ကျွန်ုပ်တို့အကြောင်း

ပြည်တိရစ္ဆာန်ဆေးကုခန်း သည် ရန်ကုန်မြို့တွင်တည်ရှိကာ ပြီးပြည့်စုံသောဝန်ဆောင်မှုပေးနေသည့် တိရစ္ဆာန်ဆေးကုခန်းတစ်ခု ဖြစ်ပြီး ၁၉၈၀ ခုနှစ်များမှစတင်ခဲ့သည့် တိရစ္ဆာန်ဆေးကုခန်းတစ်ခုဖြစ်ပါသည်။ ၁၉၈၁ ခုနှစ်တွင် ဆရာ ဒေါက်တာဦးမောင်မောင် နှင့် ဆရာမ ဒေါက်တာဒေါ်ခိုင်ဦးမာ တို့က စတင်တည်ထောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဒေါက်တာအေးအေးခိုင် သည် ဤဆေးခန်း၏ ပင်တိုင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေပါသည်။ ဒေါက်တာသန်းအောင်ထိုက် သည် ၂၀၁၈ ခုနှစ်မှစတင်ကာ ကျွန်ုပ်တို့နှင့် ဆေးကုသရေးဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့ဆေးခန်းတွင် တိရစ္ဆာန်များ (အထူးသဖြင့် ခွေး၊ ကြောင် နှင့် တိရစ္ဆာန်ငယ်လေးများ) အတွက် ဆေးကုသမှုဝန်ဆောင်မှုများ ပေးလျက်ရှိပါသည်။ကျွန်ုပ်တို့သည် သင့်အိမ်မွေးတိရစ္ဆာန်လေးများအတွက် အကောင်းဆုံးသော၊ အရည်အသွေးပြည့်ဝသော ဆေးဝါးများ၊ ကုထုံးများဖြင့် ကုသစောင့်ရှောက်မှုပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့ဆေးခန်းသည် ပုံမှန်ဆေးကုခန်းတွင်း ရောဂါရှာဖွေရေးနည်းလမ်းများ ကို အသုံးပြုကာ ကုသပေးသည့်အပြင် လိုအပ်ပါကလည်း ပြင်ပဓါတ်ခွဲခန်းများကိုချိတ်ဆက် စစ်ဆေးမှုများ ကိုလည်း ပြုလုပ်နိုင်ရန်ဆောင်ရွက်ပေးပါသည်။

ကျွန်ုပ်တို့ဆေးခန်းကို အမှတ် (၄၇၁ စီ)၊ ပြည်လမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားပြီး ရွှေကံ့ကော်ပိုးထည်တိုက်နှင့် နိုဗိုတယ်လ်ဟော်တယ်ကြား၊ ပြည် တကောင်းဆောင်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပါသည်။ အောက်ပါ ဂူဂယ်လ်မြေပုံတွင် ကြည့်ရှုပါ။ ဤနေရာတွင်နှိပ်ကာ လမ်းညွှန်မှုကို ရယူနိုင်ပါသည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်မှာ +(၉၅)-၉-၅၂၆၂၃၁၃ ဖြစ်ပါသည်။ ဆေးကုခန်း၏ အီးမေးလ်လိပ်စာမှာ [email protected] နှင့် [email protected]တို့ဖြစ်ပါသည်။ ဆေးခန်းဖွင့်လှစ်ချိန်များမှာ နေ့စဉ် နံနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ အထိ ဖြစ်ပါသည်။ ထိုအချိန်များပြင်ပတွင် လာရောက်ပြသလိုပါက အထက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဆက်သွယ်၍ မလာရောက်မီ ကြိုတင်ချိန်းဆိုထားရန်လိုအပ်ပါသည်။

ကျွန်ုပ်တို့ဆေးခန်းမှပေးသော ဝန်ဆောင်မှုများကို ဤတွင်ဖတ်ရှုနိုင်ပါသည်။

ဆက်သွယ်မေးမြန်းလိုသောမေးခွန်းများရှိပါက ဤလင့်ခ်ရှိဖောင်တွင် အချက်အလက်များကိုဖြည့်၍ လွတ်လပ်စွာ ရေးသား၊ မေးမြန်းနိုင်ပါသည်။